(15)(Uni+Zaw)

993 24 0
                                    

Unicode........

လူတစ်ယောက်ကို ချစ်မိလာဖို့ ကျွန်တော်တို့ အချိန်ဘယ်လောက်များ ယူရမလဲ။နှစ်တွေ၊လတွေလည်းကြာခဲ့ရင်ကြာခဲ့နိုင်သလို စက္ကန်ပိုင်းလေးတွင်ပဲ အသက်ရှုရပ်မတတ် ချစ်မိသွားနိုင်တာပဲမဟုတ်လား။

အင်း ကျွန်တော်တော့ ကိုယ့်စိတ်ကိုနားလည်ဖို့ အချိန်တော်တော်ယူလိုက်ရတယ်။လူတစ်ယောက်ကိုတွေ့မိတိုင်း မူမမှန်တဲ့နှလုံးခုန်သံနဲ့ ၊တခြားတစ်ယောက်နဲ့တွဲတွေ့မိတိုင်း သဝန်တိုနေမိတာမျိုးတွေက ဘယ်လိုတွေကြောင့်လဲဆိုတာ...

အခုတော့ သိခဲ့ပါပြီ။တစ်စုံတစ်ယောက်အပေါ်မှာ ထားခဲ့တဲ့ ဝန်တိုစိတ်ဟာ အဘယ်ကြောင့်ဆိုတာ။ သဘောပေါက်ခဲ့ပြီ။ထိုတစ်စုံတစ်ယောက်ကို ကျွန်တော် သိပ်ချစ်နေမိလို့ ဆိုတာ သဘောပေါက်ခဲ့ပါပြီ။ထိုချစ်နေမိခြင်းက အဖြူရောင်သပ်သပ်မေတ္တာမဟုတ်ခဲ့ဘူးဆိုတာ ကောင်းစွာနားလည်ခဲ့ပြီ။

သို့သော် နားလည်မှုလေးက နောက်ကျခဲ့ပြီ။တစ်စုံတစ်ယောက်မှာ သူသိပ်ချစ်ရတဲ့ ကိုယ်မဟုတ်တဲ့ အခြားတစ်စုံတစ်ယောက် ထပ်ရှိနေခဲ့ပြီ။သို့ပေသိ ချစ်ခြင်းတရားတစ်ခုမှ အမြဲတမ်းဖြူစင်နေစရာမလိုဘူးဟု သုတထင်သည်။

အတ္တကြီးစွာ ရယူချင်သည်။ပေးဆပ်သူတို့ နှလုံးသားလုပ်ရအောင်လည်း သုတဟာ အသွေးအသားနဲ့ ခံစားချက်ရှိတဲ့ လူတစ်ယောက်။လက်မထပ်ခင် သက်ဆိုင်သူတွေ မဖြစ်ကြသေးသည်တိုင်အောင် သုတမှာ ကြိုးစားခွင့်ရှိသေးသည်ဟု သုတထင်သည်။

အပြတ်အသတ်များရှုံးခဲ့ရင် ကြည်ကြည်ဖြူဖြူနောက်ဆုတ်ပေးလိုက်မည်။သို့ဖြစ်သည်မို့ ထိုအခြေအနေတွေ မရောက်ခင်ထိတိုင်အောင် သုတမှာ ကြိုးစားခွင့်တွေ အပြည့်အဝရှိသေးသည်။

ထိုအချိန်တွေ အတွင်း ကိုကို့အချစ်ကိုရဖို့သုတဘယ်လိုနည်းလမ်းပဲသုံးသုံး သုတကိစ္စသာဖြစ်၏။ကိုကိုကို့အပိုင်ရဖို့ ဗီလိန်ဖြစ်ခဲ့ရင်လည်း ကြည်ကြည်ဖြူဖြူပါပဲ။

*ကိုယ်ချစ်တဲ့သူကို အပိုင်လိုချင်မိတာ အတ္တကြီးတယ်လို့လဲ မဆိုသာပါဘူး။*

:::::::::::::::::

"အင်း Rhysay ဂရုစိုက်ဦးနော်"

"ဟုတ်ကဲ့ပါရှင်"

"ချစ်သော...."(S2)(married life)(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ