(1) (Uni)

4.8K 96 21
                                    

နေဝင်ရီတရော အချိန်၊တစ်နည်းအားဖြင့် မှောင်ဆပျိုးနေသော ပတ်ဝန်းကျင်တစ်ခွင်၌ ကောင်းကင်ထက် ငှက်လေးများက အိပ်တန်းတက်ဖို့ အစီအရီပျံသန်းနေကြသလို လေနုအေးတွေတွေက ဝန်းကျင်တစ်ခွင်အလုအယက်တိုးဝှေ့တိုက်ခတ်လို့နေသည်။ဆောင်းဝင်စအချိန်ဖြစ်သည်မို့ အေးစိမ့်စိမ့်လေးနုအေးတွေက အချမ်းဓာတ်တွေ ဆောင်ယူပေးနေလေ၏။

ကျယ်ဝန်းလှသောအပြာနုရောင်နှစ်ထပ်တိုက်အိမ်၏ ခြံဝန်းကျယ်ထဲ၌ပိုမိုများပြားလာသော နှင်းဆီပွင့်တွေနဲ့အတူ တယုတယသေချာစိုက်ပျိုးခဲ့သည့် အပင်ငယ်လေးတွေဖြစ်နေသည်မို့ အပွင့်၊အလွှာ၊အခက်၊အရွက်တွေ၏ လှပနေမှုက ပန်းချစ်တတ်သူအဖို့ တကယ့်ကို စိတ်ကြည်နူးစရာပင်။များပြားလှသော နှင်းဆီဖြူလေးတွေက လေတစ်ချက်အဝှေ့တိုင်း ပန်းရနံ့က လွင့်ခနဲ သင်းပျံ့နေတတ်သည်မို့ ခြံဝန်းကြီးထဲ နှင်းဆီရနံ့တို့က အမြဲတစေ နေ့ညမပြတ် မွှေးပျံ့နေလျက်ရှိသည်။

အချိန်ကာလတစ်ခုကြာပြီးနောက် ခိုင်မာသည်ထက် ပို၍ခိုင်မာလာသော ချစ်ခြင်းမေတ္တာတွေနဲ့ ထိုလူသားလေးနှစ်ဦး။နားလည်ပေးမှုတွေ၊ယုံကြည်ဖေးမမှုတွေကြောင့် ထိုလူသားနှစ်ဦးကြား မည်သူ့တစ်ဦးတစ်ယောက်၏ပရောဂတွေနဲ့ မှဝင်ရောက်လာတတ်တဲ့ ပြသနာတွေဟာရှိမလာတော့။သို့သော်လည်း ရန်ဖြစ်မှ ပိုချစ် ဆိုသလို အမြဲလိုလို တကျက်ကျက်နဲ့ အငြင်းပွားသံ၊စကားနိုင်လုသံတွေနဲ့ စနောက်သံတွေက တိတ်ဆိတ်နေတဲ့ ညမှာ တစ်ခါတလေ ကြည်နူးဖွယ်ရာ ကျယ်လောင်စွာကြားရတတ်သေးသည်။

အနေအေးပေမဲ့ အစအနောက်သန်တဲ့ ကောင်လေးရယ်၊စသမျှတစ်ခါတလေ ခံနိုင်ပေမဲ့ နားထဲကန့်လန့်ဝင်ဝင်လာတတတ်သည့် ကလေးလေးဟူသော ချစ်စနိုးအမည်နာမလေးကို မကြိုက်သူရယ်။ ထို့ကြောင့် အမြဲတစေ သတ်မြဲ၊ပုတ်မြဲ ၊ရိုက်ဆဲ၊ပုတ်ဆဲ၊အချစ်ပိုဆဲ၊ချစ်နေကြဆဲပင်။

ဖောက်! ဖောက်!

"ငယ်"

စားပွဲမြင့်တစ်ခုအပေါ်ကို Laptop တင်ကာ လက်ကဟိုနှိပ်ဒီနှိပ်ဖြင့် ကိ်ီးဘုတ်ပေါ်လက်ချောင်းရှည်ရှည်တွေက ပြေးလွှားနေပေမဲ့ မျက်လုံးတို့က laptop screen ပေါ်မှာမရှိခဲ့။လေးချောင်းထောက် ကျောမှီပါခွေးခြေခုံပေါ်ထိုင်နေရင်းမှ လက်တစ်ဖက်က ကျောမှီပေါ် လက်တစ်ဖက်တင်ကာ အခန်းတွင်းကဆိုဖာပေါ်မှာ တင်ကလိမ်ချိတ်ကာထိုင်နေသည့် ဖြူလွှလွှအရိပ်လေးသေးသေးလေးကို လှမ်းကြည့်ကာခေါ်လိုက်သည်။mouseအသစ်ထပ်သွားဝယ်လာသည့် အခါတွင် ပါလာသော buble tape အိတ်ကလေးကို ဖောက်နေသည်မှာ အချိန်တစ်ခုကြာနေသည့်အပြင် ညဉ့်ခေါင်ကို နည်းနည်းလေးမှ ဂရုမစိုက်။ခေါ်နေသော်လည်း မျက်လုံးလေးကတစ်ချက်တောင်ဝေ့မကြည့်လာသည်မို့ လူကစိတ်အချဉ်ဖောက်လာရသည်။

"ချစ်သော...."(S2)(married life)(Completed)Where stories live. Discover now