(20)(Uni+Zaw)

797 33 20
                                    

Unicode.....

"မောင်"

"ဗျ"

"သေချာကြည့် ငါ့ကိုတစ်‌ေနရာရာမှာမမြင်ဖူးဘူးလား"

"မြင်ဖူးတာပေါ့ မောင့်အချစ်ကလေးကို မောင်က မမြင်ဖူးဘဲနေမလား"

"ဘယ်မှာမြင်ဖူးတာလဲ"

"ဒီမှာလေ မောင့်ရှေ့မှာ"

"အာ မင်းတော့!"

ကုက္ကိုလ်ပင်အောက်ကခံုတန်း‌မှာ ထိုင်နေသော ယျာဉ်နှောင်းနဲ့ညဉ့်ခေါင်ထံမှ တီတီတာတာစကားသံလေးတွေသာဖြစ်ပါသည်။

သူကသိချင်နေပြီဆိုလို့ ယျာဉ်နှောင်းပြောပြဖို့ အစချီနေကာ အကောင်းမေးနေတာကို ပြန်ဖြေပုံက အချိုးမပြေ။အင်နိုးဆန့်ရုပ်နဲ့ သူဘာမှားလို့လဲ ဆိုတဲ့မျက်နှာပေးကြောင့် ထိပ်ကြီးထုလိုက်ချင်စိတ်ကလည်း တဖွားဖွား။သူမြင်ဖူးတယ်ပြောလိုက်လို့ ရင်ခုန်သွားတာ ယျာဉ်နှောင်းသာ အသိဆုံး။

"မောင် ငါအကောင်းမေးနေတာနော်"

"မောင်လည်း အကောင်းဖြေတာကို"

"အဲ့လိုမဟုတ်ဘူး ဟိုဟာ ‌ဟိုအရင်က ‌အာ မောင်ငယ်ငယ်က"

စကားတွေ ထစ်ကုန်ကာ ဘာတွေပြောနေမှန်း ယျာဉ်နှောင်းကိုယ်တိုင်တောင် မသိတော့ပါ။ဘေးမှာ ထိုင်နေတဲ့မောင်က ယျာဉ်နှောင်းလည်ပင်းနား‌ေခါင်းတိုးဝှေ့နေတာမို့ ကြက်သီးတွေဖျင်းခနဲထရသည့်အပြင် လည်ပင်းကပါ အလိုလိုယားလာရသည်။

"မွှေးနေတာပဲ"

"မောင် ငါမေးတာ…"

"မောင်ကြားပါတယ်။မောင်အရင်က ဒီဂေဟာကို လာဖူးတယ်။ငယ့်ကို မြင်ဖူးလားတော့ မောင်သေချာမမှတ်မိဘူး။မောင်ဒီဂေဟာကိုလာတုန်းက ကလေးတစ်ယောက်နဲ့ ဝင်တိုက်မိတာတော့ ရေးတေးတေးလေးမှတ်မိတယ်။ငယ်တော့ မဟုတ်‌ေလာက်ပါဘူး။အဲ့ကလေးက တော်တော်သေးတာ"

ဆယ့်ငါးနှစ်အရွယ် ဆယ်ကျော်သက်ကလေးတစ်ယောက်ရဲ့မှတ်ဉာဏ်သည် ဤမျှလောက်ထိကောင်းခဲ့ပါသည်။မမှတ်မိဘူးမဟုတ်၊မှတ်မိသည်။သို့သော် အတိအကျမဟုတ်။

အေး အေး ညဉ့်ခေါင်ယံ မင်း မင်းပြောထား ကလေး ကလေး ဘာကလေးလဲ။မင်းထက်ကြီးတယ် ငနာကောင်ရဲ့။

"ချစ်သော...."(S2)(married life)(Completed)Where stories live. Discover now