(24) (Uni+Zaw)

712 32 2
                                    

Unicode........

(၃)နှစ်ခန့်ကြာသော်...........

ဖွင့်ထားသော အဲကွန်းလေနှင့်နည်းတူ အေးစက်လှသော အခန်းတွင်းက လူသားနှစ်ယောက်။တစ်ယောက်တစ်နေရာဆီထိုင်နေကြရင်း တစ်ယောက်ကတော့ နံရံထက်က ဓာတ်ပုံကိုကြည့်နေ၍ တစ်ယောက်ကတော့ ဖွင့်ထားသော ပြတင်းပေါက်ထံမျက်နှာမူလေသည်။

"မင်းတကယ် သဘောမတူဘူလား"

"လုံးဝပဲ"

လေသံမာမာနဲ့မေးသံနောက်မှာ ခပ်ပြတ်ပြတ်အဖြေစကား။

"ဒါပဲ ဒါပဲ လက်ထပ်ပြီးတာကြာရင် လေသံတွေက အဲ့လိုပဲ"

"မောင့်ကိုအဲ့လိုစကားနာမထိုးနဲ့။ငယ်သာဖြစ်နိုင်တာကိုပြောရင် မောင်အဲ့လိုလေသံနဲ့ပြောမှာမဟုတ်ဘူး"

"ပြန်မအော်နဲ့ ငါ့ကို!"

ကုတင်ပေါ်မှာထိုင်ရင်း ယျာဉ်နှောင်းဒေါသတို့ဂိတ်ဆုံးရောက်လေပြီ။ခေါင်းရင်းဘက်မှာရှိသည့် ခေါင်းအုံးနှင့်ပစ်ပေါက်မိသည့်အခါ သာသာယာယာဖမ်းလိုက်သည့်မောင်ကြောင့် ယျာဉ်နှောင်း‌ပိုလို့ဒေါသထွက်ရသည်။

ကလေးယူဖို့အကြောင်းလေးပြောမိတာကို ဒီလောက်ထိဖြစ်ဖို့လိုလား။စိတ်ပူတယ်ဘာညာသရကာလာပြောရအောင်လည်း ယျာဉ်နှောင်းကလေးမဟုတ်။အသက်သုံးဆယ်တင်းတင်းပြည့်ထားပြီးတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်နေပြီ။

ဘယ်ကိစ္စမဆို သူ့ကိုတိုင်ပင်ချင်လွန်းလို့ မနက်ကတည်းက အကြာကြီးထိုင်စောင့်နေတဲ့ဟာကို။ကိုယ့်သဘောနဲ့ကိုယ်လုပ်ချင်မှဖြင့် သူ့တောင်စောင့်မှာမဟုတ်။အခုတော့ အသိပေးဖို့စောင့်နေခြင်းမှာ ဒီလိုအကျိုးရလာဒ်ရခြင်းလား။

"အရင်ကတော့ ငယ့်သဘောပါ ငယ့်သဘောပါနဲ့ ဘာငယ့်သဘောလဲ အမြဲမင်းသဘောကြီးပဲ"

"ငယ်ဖြစ်နိုင်တာကိုပြောရင် မောင်လက်မခံနိုင်စရာအကြောင်းရှိလားပြော"

"ငါတို့ရဲ့ သွေးသားလေးကို လိုချင်တာ ငါ့အပြစ်လား၊ငါယောက်ျားတန်မဲ့ မင်းအတွက်ဖြည့်ဆည်းပေးချင်လွန်းလို့ ဒီဆုံးဖြတ်ချက်ကို ချခဲ့တာ"

"ချစ်သော...."(S2)(married life)(Completed)Where stories live. Discover now