(17) (Uni + Zaw )

841 31 2
                                    

Unicode........

"မောင် ရေမြန်မြန်ချိုး နေမြင့်တော့မယ်"

"ငယ်ပါ အတူတူလာချိုးလေ။ပိုမြန်တာပေါ့"

အပေါ်ပိုင်းက ဗလာကျင်း၊ခါးပိုင်းကို တဘတ်ဖြူတစ်ခုကို ပတ်ထားလျက် ရေချိုးခန်းတံခါးကိုဟကာ မျက်လုံးတစ်ဖက််မှိတ် ပြောလာသည့် မောင့်ကို ယျာဉ်နှောင်းခပ်စူးစူးတစ်ချက်ကြည့်လိုက်သည်။

"ငါက နောက််မှ ချိုးမှာ။အိတ်စစ်ဦးမယ်။ပစ္စည်း‌ေတွကျန်ခဲ့မှာစိုးလို့။"

"အဲ့တာက နောက််မှစစ်လဲ ရပါတယ်။အချိန်ကုန်လည်း သက်သာအောင် မောင်ကကြံလည်းကြံပေးရသေးတယ်"

"အချိန်ကုန်သက်သာမယ်ဆိုတာ အတည်ပြောတာလား မောင်"

တရားခံစစ်တဲ့ မျက်နှာပေးနဲ့ ညဉ့်ခေါင်ကို ကြည့်လာသည်တွင် မချိသွားဖြဲရင်း အခန်းတံခါးကိုသာ ခပ်ဖွဖွစေ့ပိတ်လိုက်တော့သည်။

လိမ်တာ။ပိုတောင်ကြာဦးမယ်။အဲ့ကိုယ်လုံး နူးနူးအိအိနဲ့ ရေအတူချိုးရမှာကို ခဏလေးနဲ့ ပြီးသွားရအောင် ညဉ့်ခေါင်က ကိလေသာစိတ်ကုန်နေတဲ့ တောထွက််မဲ့ ဘုန်းကြီးမှ မဟုတ်တာ။

"ဟင် ရှူဆေးဘူး ဘယ်နားထားမိတာပါလိမ့်"

ကုတင်ပေါ်က Laggageအိတ်ကို ဖွင့်ကာ လိုအပ်တာတွေကို စစ်ဆေးနေရင်း ရှူဆေးဘူးကို ရုတ်တရပ်သတိရမိသည်။ကားမူးတတ်တဲ့ ယျာဉ်နှောင်းအတွက် ရှူဆေးဘူးက မပါမဖြစ် အမြဲဆောင်ထားရသည့်အရာ။ဘီးဆို နှစ်ဘီးထက် ပိုပါရင်၊ဆီဖြည့်ရတဲ့ စက်ပစ္စည်းဆိုရင်ကို လူက အလိုလို မူးနောက်နောက်နဲ့ အော့အန်တတ်သည်။ကားမူးသွားရင်လည်း လူက ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိ။ယုတ်စွ ထမင်းတောင်စားချင်တော့တာမဟုတ်။

ယျာဉ်နှောင်းတို့ ရန်ကုန်သွားဖို့ပြင်နေကြတာဖြစ်သည်။မောင်က ဂေဟာကို တော်တော်လှူချင်နေပြီထင်ပါ့။လုပ်ရမယ့် အလုပ်တွေကို အကုန်အမြန်လက်စသတ်ပြီး၊ဟိုလွှဲဒီလွှဲ လုပ်ခဲ့တဲ့မောင်က တော်တော်သွားချင်နေပုံပါ။ချက်ချင်းလက်ငင်းကြီး 'ရန်ကုန်သွားကြမလား ငယ်'ဟုဆိုလာလို့ ယျာဉ်နှောင်းမှာ အူလည်လည်ဖြစ်ရသေး။

"ချစ်သော...."(S2)(married life)(Completed)Wo Geschichten leben. Entdecke jetzt