(7) (Uni+Zaw)

1.3K 47 4
                                    

Unicode........

အဆောင်အသီးသီးမှ ထွက်ပေါ်လာတဲ့ ကျောင်းသားကိုယ်စီက လက်ထဲမှာ မေးခွန်းစာရွက်ဖြူဖြူလေးတွေကို ကိုင်ဆောင်ထားလျက်။စာမေးပွဲဖြေနေရသည်ဖြစ်သဖြင့် အခန်းထဲကထွက်ကာလမ်းလျှောက်နေကြသောကျောင်းသားတစ်ဖွဲ့ဆီက လက်ထဲကိုင်ထားသော မေးခွန်းစာရွက်လေးကို လက်ညှိုးလေးထောက်ကာ၊ထိုးကာဖြင့် နှုတ်ကလည်းရေရွတ်နေကြသည်က အဖြေတိုက်နေကြသည်ထင်သည်။

တစ်ချို့ကတော့ ဖြေပြီးပြီဖြစ်သဖြင့် ဘာမှစိတ်မဝင်စားတော့သလို မေးခွန်းစာရွက်အားမြေပြင်ပေါ်ပစ်ချ၊အချင်းချင်းရိုက်ပုတ်နေကြလျက် ပေါ့ပေါ့ပါးပါးဆော့နေကြသည်က တစ်ချိန်ကသူတို့သူငယ်ချင်းငါးယောက်ကိုပြန်မြင်ယောင်မိသည်။သူတို့အတိုင်းပင်ဖြစ်နေပါသည်မဟုတ်ပါလား။စာမေးပွဲဖြေပြီးရင် မေးခွန်းစာရွက်က ဘယ်ဆီကျန်နေခဲ့မှန်းမသိ။ဖြေထားသမျှပြန်လဲတိုက်မနေတော့သလို အောင်ချင်အောင်၊မအောင်ချင်လည်း ကျ၊ကျောင်းပြန်တက်မည်ဆိုသည့် သဘောနှင့် ဘာဆိုဘာမှ သိပ်အလေးမထားခဲ့ကြ။အင်း သို့သော်လည်း သူတို့တွေ ကြက်ကန်းဆန်တိုးလို့ အောင်ခဲ့သည်လားမသိပေမဲ့ အခုသူတို့တတွေ ဘွဲ့တောင်ရပြီးပြီမဟုတ်လား။

"ကိုကြီးကောင်းကောင်း!!"

ကောင်းကောင်းတစ်ယောက် ကျောင်းတော်ကြီးဆီငေးရင်း အတိတ်ကအကြောင်းလေးတွေကို ပြန်တွေးနေမိသည်မို့ လာကြိုသည့် လူကိုခဏတာပင်မေ့သွားရ၏။ဇေသုတစံ ဖြေဆိုနေသော အတန်းရှေ့၌ ကောင်းကောင်းမှာယောင်ချာချာရပ်နေရင်းက သူ့ကိုခေါ်သည့်အသံကြားကာမှ အသိက လက်ရှိဆီပြန်ရောက်ရသည့်အဖြစ်။

"အင်းးး သုတ ဖြေနိုင်လား"

"ဟုတ် ဖြေနိုင်တယ် ကိုကြီး"

ခေါင်းညိတ်ကာအဖြေပေးသည်တွင် ခပ်အုပ်အုပ်ဆံနွယ်လေးတွေက မျက်ဝန်းဝိုင်းတွေပေါ် ဝဲခါသွားသည်။နှာခေါင်းလုံးလုံးလေးနှင့် ပါးမို့မို့လေးထက်က စံပယ်တင်မှဲ့လေးက တကယ့်ကိုချစ်စရာ။နီထွေးထွေးနှုတ်ခမ်းတစ်စုံက ပြည့်ပြည့်ဖောင်းဖောင်းလေးနှင့် ဇေသုတစံသည် ချစ်စရာကောင်းလွန်းသည်။

"ချစ်သော...."(S2)(married life)(Completed)Where stories live. Discover now