(23)(Uni+Zaw)

619 27 2
                                    

Unicode ....

ဟင်းခနဲ သက်ပြင်းချသံပြင်းပြင်းသည် ကားနက်လေးအတွင်း၌ မကြာခဏဆိုသလို ထွက်ပေါ်လျက်ရှိသည်။မောင်စိတ်ဆိုးနေသည်။ယျာဉ်နှောင်းကို မောင်စကားမပြော။ချော့ချင်သည်။သို့သော် ဘယ်ကစလို့ချော့ရမှန်းကို မသိ။

ရှေ့ကိုသာ တည့်တည့်ကြည့်ကာ ကားကိုသာအာရံုစိုက်မောင်းနေတာမို့ ဟွန့်ခနဲနှာမှုတ်သံဟာလည်း မကြာခဏထွက်ပေါ်လာတတ်သည်။သို့သော် အဖက်လုပ်ခြင်းမခံရသည့်အခါ attention ယူချင်းအစီအစဉ်ကတော့ မအောင်မြင်ခဲ့ပါ။

အင်္ကျီအနားစကိုသာ လုံးလုံးချေနေရင်း မျက်ရည်ကဝဲရသည်။ယျာဉ်နှောင်းဘာလုပ်မိတာမလို့လဲ။မောင်မကြိုက်မှန်းသိလို့ မှန်တာပြောပြီးမောင်းထုတ်လည်း သူ့ဟာသူမသွားတာကို ယျာဉ်နှောင်းက ဘယ်လိုများလုပ်ပေးရမှာတဲ့လဲ။သူ့ဟာသူနေတာကို အတင်းကြီးတွန်းထုတ်လို့မှလည်း မြင်မကောင်းတာကို။

အေးစက်စက်လေထုကြီးက ကြီးစိုးတာမို့ မနေတတ်တာအမှန်ပေမယ့် ယျာဉ်နှောင်းမှ စကားမပြောရဲဘဲ။အဲ့မောင်ရုပ်က တည်တင်းပြီး ခက်ထန်နေတာကို ဘယ်လိုသတ္တိမွေးပြီး ပြောရမတဲ့လဲ။အခက်မသင့် ယျာဉ်နှောင်းအအော်ခံပင်ထိနိုင်သည်။

သို့ပေမယ့်လည်း အားတင်းကာဖြင့်

"မောင် ငါ့ကိုပါ စိတ်ဆိုးနေတာလားဟင်"

"............"

မောင့်မျက်နှာအား စေ့စေ့မကြည့်ရဲတာ အမှန်။တကယ်ကြီးစိတ်ဆိုးနေတာဆို ဘီလူးကြည့်က ကြည့်ဦးမည်။တစ်ခါတစ်ခါ ယျာဉ်နှောင်းထံ ကပ်ချွဲတဲ့ ကြောင်ပေါက်က တစ်ခြားတစ်ယောက်လားလို့တောင် ပြန်ပြန်စဉ်းစားယူရသည်။စိတ်ဆိုးရင် သူများနဲ့တူတာမဟုတ်။

"ငါက သူ့ကိုပြောတယ်လေ ငါအိမ်ထောင်ရှိတာပြောတယ်၊သူ့ဟာသူ မယုံတာလေ မောင်လို့"

".........."

မျက်နှာလေးက တတ်နိုင်တာထက် အစွမ်းကုန်ချိုထားသည်က ကြံသကာသို့နှယ်။ချိုစိမ့်အီမွှေးမလိုင်လုံးလို။

မောင့်မျက်နှာအား စေ့စေ့ကြည့်ရင်း ပါးရိုးနားက အညိုကွက်ကိုကြည့်၍ လက်သီးကိုတင်းတင်းစုတ်မိသည်။အင်း အမှန်တော့ ယျာဉ်နှောင်းသာလက်ခံစကားမပြောရင် ဒီလိုတွေ ဖြစ်လာမှာမဟုတ်ဘူးလေ။ယ‌ျာဉ်နှောင်းလည်း မှားတာပါဘဲလေ။

"ချစ်သော...."(S2)(married life)(Completed)Where stories live. Discover now