(28)(Uni+Zaw)

864 35 0
                                    

Unicode.......

"လတောင်အတော်ကြာနေပြီ ဘာကိုယ်ဝန်လက္ခဏာမှလဲမပြဘူးနော်"

"အင်း ခြောက်လကျော်နေပြီ ပုံမှန်လိုပဲ"

သားအိမ်ထည့်ထားခဲ့တာကြာပြီဖြစ်သော်လည်း မျိုးဉမအောင်၍လားမသိ အခုချိန်ထိ ဘာလက္ခဏာမှမပြပါ။ဆရာဝန်ပြောလာသည့် ကိုယ်ဝန်သည်တို့ လက္ခဏာရပ်သည် ယျာဉ်နှောင်းနဲ့မဆိုင်သည့်အလား။ထမင်းအစားအသောက်လည်းမပြတ်သလို၊အော့အန်တတ်တာတွေ၊ခေါင်းညီးစီးစီးဖြစ်တတ်တာတွေ ယျာဉ်နှောင်းတစ်ခုမှမခံစားရပါ။

ဖြူဖြူကခေါင်းလေးတညိတ်ညိတ်နားထောင်နေရင်း ယျာဉ်နှောင်း၏ ချပ်ကပ်နေသည့် ဗိုက်ကလေးကို တကြည့်ကြည့်။

"စုစုရော မွေးပြီလားဟင်"

"ဟင့်အင်း ရှစ်လထဲတော့ဝင်နေပြီ"

မီးဖိုခန်းထဲမှာ နှစ်ယောက်သားစကားလေးတပြောပြောနှင့်ထိုင်နေသည်ကို ကြီးကြီးသည် ဖြူဖြူ့အားခေါ်၍ ကန်စွန်းရွက်ခြွေခိုင်းသည်မို့ ယျာဉ်နှောင်းလဲ ကူခြွေပေးလိုက်သည်။ဖြူဖြူက မလုပ်ဖို့တားလည်း မျက်စိရှေ့မှာလုပ်နေတာကို ဒီတိုင်းကြီးကြည့်နေဖို့ကျယျာဉ်နှောင်းမနေတတ်ပါ။

ဖြူဖြူသည် ကန်စွန်းရွက်အရိုးလေးကိုလက်နဲ့ချိုးကာ ဇကာထဲပစ်ထည့်ရင်း တွေးဆဆဖြင့်ပြောလာသည့်စကားကြောင့် ယျာဉ်နှောင်းမှာအူလည်လည်။ကြီးကြီးကတော့ လှန်းဟန့်လေရဲ့။

"အစ်ကိုလေးနဲ့အစ်ကိုလေးစိတ်တို ဟိုဟာမလုပ်ကြဘူးလား"

"ဟင် ဘာလုပ်ရမှာ"

"ဟိုဟာလေ"

"မိဖြူ နင်ဘာတွေလျှောက်ပြောနေလဲ အပျိုလေးဖြစ်ပြီး နင့်ကိစ္စလည်းမဟုတ်ပဲနဲ့ကွယ်"

ယျာဉ်နှောင်းမှာ အစပိုင်းမှာ ကြောင်နေပေမယ့် နောက်ပိုင်းတော့အထာပေါက်လာ၏။အပျိုမိန်းကလေးတန်မဲ့ မေးရဲလေခြင်း။

"ဖြူဖြူ နင်ကတော့လေ"

"အယ် အယ် ရှက်သွားတာလား ပါးလေးတွေရဲနေပြီ"

ပြုံးဖြဲဖြဲနဲ့စနောက်နေသည်ကြောင့် ယျာဉ်နှောင်းကန်စွန်းရွက်ရိုးနှင့်ဖြူဖြူကို ရိုက်လိုက်သည်။

"ချစ်သော...."(S2)(married life)(Completed)Where stories live. Discover now