(2) (Uni+Zaw)

2.2K 71 8
                                    

Unicode.........

ရောင်နီလာတဲ့မျက်နှာခင်းနဲ့အတူ ကျေးငှက်သာရကာလေးများ၏ မြည်တွန်သံတကျိကျိ။အပင်ပေါ်ပျံလွှားကာ ခိုနားနေလျက် ပတ်ဝန်းကျင်ကို ဟိုကြည့်ဒီကြည့်လုပ်နေတဲ့ ငှက်ကလေးတွေက သူတို့၏ အသိုက်အမြုံထဲက ပေါက်စလေးတွေအတွက် မနက်စာထွက်ရှာနေကြသည်။မြောက်များစွာသော စာကလေးမေမေလေးတွေ၏ ဟိုဟိုဒီဒီကူးလူးဖြတ်သန်းသွားလာကာ အစာရှာထွက်နေသောမျက်စိပဒါသဖြစ်ဖွယ်မြင်ကွင်းများကို အပေါ်ထပ်တစ်နေရာကလှမ်းကြည့်နေသည့် ညဉ့်ခေါင်ကခပ်ရေးရေးလေးပြုံးနေသည်။

သာယာသောနေ့လေးတစ်နေ့၊တစ်နည်းအားဖြင့် ငယ့်ကို သူတရားဝင်ပိုင်ဆိုင်ရတော့မည့် နေ့ရက်လေးဖြစ်သဖြင့် မြင်မြင်ရသမျှက စိတ်ချမ်းသာစရာဖြစ်နေသည့်အပြင် ရပ်ကွက်ထဲက ကြားနေရသည့် အမူးသမားလင်မယားနှစ်ယောက်၏ တကျက်ကျက်ရန်ဖြစ်သံကျယ်ကျယ်လောင်လောင်ကလည်း နားထဲမှာသကာရည်လောင်းနေသလို နာပျော်ဖွယ်ရှိနေတာမျိုးဖြစ်သည်။

မနေ့ညက ဟန်သန့်စင်တို့နှင့် တစ်ဝိုင်းထိုင်ပြီးပြန်လာခဲ့သည်က ညနှစ်ရာရီကျော်မှအိမ်ပြန်လာရတာဖြစ်သည်။မူးပြဲနေအောင်သောက်တဲ့ လေးယောက်သားကအိမ်ပြန်ရောက်ရောက်ခြင်း ဝက်သေလို အိပ်ယာပေါ်ဘုန်းကနဲကျ အိပ်ပျော်သွားကြပေမဲ့ နှစ်ခွက်ထက်ပိုမသောက်ဘူးလို့ ကတိပေးခဲ့သူညဉ့်ခေါင်ဟာ ရီဝေဝေလေးဖြစ်နေရုံမှလွဲ ရင်ခုန်နေခြင်းအမှုကြောင့် အိပ်လို့ပင်မပျော်။ဝရန်တာမှာ ငုတ်တုတ်ထိုင်နေခဲ့သည်က ရောင်နီလာကာ အလင်းတန်းလေးပေါ်လာသည်အထိ အိပ်ငိုက်ခြင်းအလျင်းမရှိ၊ပြုံးလိုက်၊ရယ်လိုက်၊မယုံကြည်နိုင်မှုကြောင့် အကြိမ်ကြိမ်မျက်ရည်ဝဲနေရသည်ကြောင့် စိတ်ခံစားမှုပေါင်းစုံနှင့် ကုန်လွန်ခဲ့သည့်ညတာက ရှည်လျားလွန်းခဲ့သည်။

သူ့နည်းတူ တစ်စုံတစ်ယောက်သည်လဲ တစ်ညလုံးအိပ်မပျော်ပဲ ကုတင်ပေါ်မှာ ဝတ်ရမည့်ဝတ်စုံလေးကို လက်နဲ့ခပ်ဖွဖွထိကာ မျက်ရည်များဝဲနေလျက် နှုတ်ခမ်းပါးလေးတွန့်ချိုးစွာပြုံးနေသည့် ယျာဉ်နှောင်း။အခက်ခဲပေါင်းများစွာနဲ့အတူ လက်လွတ်ဖို့အထိ အကြိမ်ကြိမ်ဆုံးဖြတ်ချက်ချထားခဲ့သည့်သူ့အတွက် ညဉ့်ခေါင်နဲ့သူဟာ ဒီနေ့မှာ တရားဝင်ဖြစ်တော့မည်ဆိုသည့်အသိက နှလုံးသားလေးတဲ့ အအေးလှိုင်းလေးဖြတ်ကူးသွားသည့်နှယ် အေးချမ်းနေ၏။

"ချစ်သော...."(S2)(married life)(Completed)Where stories live. Discover now