I can't live without you 💓

352 17 0
                                    

Unicode........

အသက်သုံးဆယ်ကျော်လာပြီဖြစ်သည့် ညဉ့်ခေါင်၌ ဟိုတစ်ချိန်ကရော၊အခုချိန်တွင်ပါ သူ့အားပျော်ရွှင်စေသည့် အကြောင်းအရာသည်တစ်ခုပဲရှိသည်။ထိုအရာသည် ဘွဲ့ရခဲ့ခြင်းလည်းမဟုတ်သလို လုပ်ငန်းဦးဆောင်ရာ၌ ဝင်ငွေများများရခဲ့ခြင်းနဲ့လည်း တိုက်ရိုက်မသက်ဆိုင်ပါချေ။ဟိုအရင်ကနေ အခုထက်ထိတိုင် သူ့အားပျော်အောင်လုပ်ပေးနိုင်သူသည် ငယ်တစ်ယောက်သာရှိသည်။ငယ့်၏ ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်းသည် သူ့၏ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းနှင့် တိုက်ရိုက်အချိုးကျလေသည်။

ထို့အပြင် ငယ့်၏ ဉပေက္ခာသည်သည် သူ့နှလုံးသားအား နာကျင်စေဖို့ အကြောင်းပြချက်ခိုင်လုံပါသည်။

"ငယ် အခုရက်ပိုင်း ပိုက်ဆံတွေ တအားသုံးတယ်နော်"

"ငါသုံးလို့မရဘူးလား"

အေးစက်စွာထွက်ပေါ်လာသည့် အသံကြောင့် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ဖုန်းကြည့်မပျက်ဘဲ ညဉ့်ခေါင်ကိုလည်း ဂရုမစိုက်။အခုရက်ပိုင်း ငယ်က ညဉ့်ခေါင်အနားနေရတာ သဘောကျပုံမပေါ်ပါချေ။

"မဟုတ်ပါဘူး မောင်ရှာတာ ငယ့်အတွက်ပဲကို"

"ညနေကျရင် ကလေးတွေကို တစ်ခါတည်းဝင်ကြိုလိုက် ငါသွားစရာရှိလို့"

"ဘယ်ကိုလဲ ငယ် မောင်လိုက်ပို့မယ်လေ"

"ငါ့ဘာသာတစ်ယောက်တည်းသွားချင်တယ်"

အေးစက်နေသော စကားတွေက သူ့နှလုံးသားကို တွယ်အပ်နဲ့ တစ်ပေါက်‌ချင်းဖောက်သည့်နှယ် တမြေ့မြေ့ဆူးအောင့်အောင် နာကျင်ရသည်။သူ့လိုလူကို ငယ်မလိုချင်တော့ရင်လည်း ညဉ့်ခေါင်ဆက်ဆွဲထားမိမှာမဟုတ်ချေ။သူ့အနားနေလို့ ငယ်မပျော်သည်ကိုမြင်ရသည်က ငယ်သူ့ကိုထားသွားခြင်းထက် အဆပေါင်းများစွာ ပိုနာကျင်ရမှာမို့။

"မောင် အလုပ်သွားတော့မယ်နော်"

ကုတင်နားသွားကာ နဖူးလေးကိုနမ်းဖို့ ငယ့်၏ခေါင်းကိုနောက်ကထိန်းကိုင်လိုက်သည်တွင် လွှဲရှောင်လိုက်သည်ကြောင့် အသားတွေတောင် ကျင်တက်သွားရသည်။သည်လိုမျိုး ဉပေက္ခာတွေက သူနဲ့ဆယ်တစ်နှစ်ကျော်လောက် ဝေးကွာခဲ့ပြီးဖြစ်သောကြောင့် အသစ်တစ်ဖန်ပြန်လည်စတင်သည်တွင် ညဉ့်ခေါင်၏စိတ်ကတော့ ဟိုးအောက်ဆုံးကို ထိုး‌စိုက်ကျရတော့သည်။

"ချစ်သော...."(S2)(married life)(Completed)Donde viven las historias. Descúbrelo ahora