(12) (Uni+Zaw)

765 36 2
                                    

Unicode.....

နွေရာသီ၏ပြယုဒ်က‌လေး‌တွေအဖြစ် ပတ်ဝန်းကျင်တစ်ခွင်၌ရှိသော ပိတောက်ပင်လေးတွေသည် အဖူးများ ဝေဆာနေအောင် ရှိနေလျက်။တမာန်ေ‌န့တွင်မှ သည်းထန်စွာ ရွာသွန်းခဲ့သော မိုးပြင်းတွေ‌ကြောင့် ပိတောက်ပင်မှ တစ်ချို့တစ်ဝက်သော အဖူးတို့သည် အပွင့်လေးတွေအဖြစ်သို့။ကြီးမားသော အပင်ကြီးသည် အပွင့်ဝါဝါ၊အရွက်ရွက်စိမ်းစိမ်းတြို့ဖင့် လိုက်ဖက်စွာ လှပနေလျက် စိတ်အေးချမ်းဖွယ်ရာ။

စိမ်းစိုနေသော ပိတောက်ရွက်ကလေးသည် မနက်စောစောတွင်မှ တိတ်သွားခဲ့သော သင်္ကြန်အကြိုမိုး‌ပြေး‌ကြောင့် ရွက်ဖျားလေးတွေမှာ ကပ်တွယ်နေသော မိုးစက်လေးတစ်ချို့‌ကြောင့် စိမ်းစိမ်းစိုစို။စိမ်းစိုနေသောပိ‌တောက်ပင်၏ပင်ယံထက်မှာ ခိုးနာနေသည့် ငှက်ငယ်လေးတို့က ပတ်ဝန်းကျင်တစ်ခွင် ဟိုဟိုသည်သည်ကြည့်ကာဖြင့် တစာစာမြည်တွန်တောက်တီးနေလျက်။

ထိုနည်းတူစွာပင် ငှက်ကလေးများ၏တစာစာမြည်တွန်သံများကဲ့သို့ ချစ်ရသူနောက် တကောက်ကောက်လိုက်ကာ တတွတ်တွတ်ဖြင့် လိုက်လံသတိပေးနေသူလေး ရှိလေရဲ့။

"မောင် ကားကိုဖြည်းဖြည်းမောင်းနော်။မိုးရွာထားတော့ လမ်းချော်နေမှာ"

နောက်ကနေတကောက်ကောက်လိုက်ကာ သတိပေးနေသူလေးအားကြည့်၍ ညဉ့်ခေါင်ပြုံးမိပါသည်။မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်ကတည်းက မှာတမ်း‌ခြွေနေလိုက်သည်မှာ မပြီးနိုင်မစီးနိုင်။ညဉ့်ခေါင်ဘာမြှပန်မ‌ပြောသဖြင့် နောက်ကနေလိုက်တာ တတွတ်တွတ်ဆိုနေသည်က ညဉ့်ခေါင်ဘက်မှ 'ဟုတ်ကဲ့ မောင်ဂရုစိုက်ပါ့မယ်'ဟု‌ပြောမှရပ်မည့်ပုံပင်။ဒီလူက ငယ်နှစ်ခါ‌ပြောစရာမလိုအောင်ကို ငယ့်စကားနားထောင်တယ်ဆိုတာ မသိလေရော့သလား။

အခုလည်းအိမ်ရှေ့ရောက်သည်အထိ မှာတမ်း‌‌ခြွေနေသည်က မပြီးနိုင်သေးတော့ အသည်းယားစွာပင် ငယ့်၏နှုတ်ခမ်းပါးနုနုကို လက်ညှိုးလက်မသုံးကာဆွဲညစ်လိုက်မိသည်။

"ဒီလောက် တတွတ်တွတ်နဲ့မှာတမ်း‌ခြွေနေတာ ဒီနှုတ်ဖျားလေး မညောင်းသေးဘူးလားဗျို့။"

"ချစ်သော...."(S2)(married life)(Completed)Where stories live. Discover now