Chapter 59
ဘယ်သူမှဖုန်းမကိုင်တဲ့အတွက် ဖုန်းကအလိုအလျောက်ကျသွားပြီး စာစောင်အချို့ကို မျက်နှာပြင်ပေါ်မှာမြင်လိုက်ရသည်။ စုယိ မထင်မှတ်ဘဲ အားလုံးကိုတွေ့သွားပြီး နှလုံးခုန်တွေမြန်လာသလိုပင်ခံစားလိုက်ရသည်။
"သူ နင့်ကိုစာတွေအများကြီးပို့ထားတယ် 'တောင်းပန်ပါတယ် ဒါပေမဲ့ ငါတကယ်ချစ်တာမင်းပါ' 'ဒီလိုနည်းနဲ့ ငါ့ကိုသေချင်စိတ်ပေါက်အောင်လုပ်နေတာပဲ'...သူ ဘာလို့ဒီလောက်တောင် ဆိုးရွားနေတာလဲ"
ဝူရွှယ် မဲ့ပြုံးပြုံးလိုက်ပြီး "သူ သေသေရှင်ရှင် ဘယ်သူက ဂရုစိုက်လို့လဲ"
သူမစကားပြောပြီးပြီးချင်း ဖုန်းကနောက်ထပ်မြည်လာပြန်သည်။
"ဖုန်း ချလိုက် ပြီးတော့ ငါ့ကိုကူပြီး blockပေးဦး" ဝူရွှယ်ပြောလိုက်သည်။
စုယိ ဖုန်းချဖို့လုပ်လိုက်ပေမဲ့ မျက်နှာပြင်ပေါ်က နာမည်ကိုမြင်ပြီး ရပ်သွားသည်။
"ရွှယ်ရွှယ်လေး ဒါက အဲဒီအရူးမဟုတ်ဘူး လျိုရှီးတဲ့"
ဝူရွှယ်၏ အမူအရာပြောင်းသွားပြီး "...ဘာပဲဖြစ်ဖြစ် ဖုန်းချလိုက်"
စုယိ သူမပြောသည့်အတိုင်း လုပ်လိုက်ပြီး သူမဘာသာတိုးတိုးလေးပြောလိုက်သည်။
"ချူယင်းဆီမှာလည်း နာမည်တူသူငယ်ချင်းရှိတယ်"
"အဲဒါ တစ်ယောက်တည်းအတူတူပဲ"
“ဟမ်”
“… အဲဒီလျိုရှီးပေါ့”
တစ်ခါတုန်းက လျိုရှီးအပေါ် သူမသဘောထားကို လေ့လာကြည့်သည်။ မကြာခင်မှာပဲ သူမအမူအရာက နည်းနည်း...ပြောပြဖို့ခက်ခဲလာသည်။
"နင် ဘာကိုတွေးနေလဲဆိုတာ ငါသိတယ်"
ဝူရွှယ်နောက်စာမျက်နှာကိုလှန်ကာ ဖြည်းဖြည်းချင်းဆက်ကြည့်နေပြီး
"ရတယ် ငါတို့ကြားမှာဒီထက်ပိုပြီး အဆက်အဆံလုပ်စရာမရှိတော့ဘူး"
စုယိတစ်ခုခုကိုပြောဖို့ ပါးစပ်ဟလိုက်ပေမယ့် မပြောဖို့ဘဲဆုံးဖြတ်လိုက်သည်။