He's Mine

335 26 0
                                    

Chapter 34

သူမသည် အလုပ်အတွက် အကြံဉာဏ်ပေါင်းမြောက်များစွာ ပေးနိုင်ပေမယ့်လည်း ဘ၀အတြက္ကေတာ့...၊ စုယိသည် သူမထက် အျမဲပို၍ ရှင်းရှင်းလင်းလင်း နေထိုင်ခဲ့သူတစ်ယောက်ဖြစ်သည်။

ဤနယ်ပယ်ထဲစဝင်ကတည်းက ပြတ်ပြတ်သားသား ရည်မှန်းချက်တစ်ခုရှိနေပြီး သူမသည် အသစ်ကလေးဖြစ်နေပေမယ့် ကိုယ်တိုင်ဇာတ်ညွှန်းများကိုသာ ရွေးချယ်ခဲ့သူမျိုးဖြစ်ရုံသာမက သူမ မလိုချင်သည့် ဇာတ်ညွှန်းမျိုးဖြစ်နေလျှင်မည်မျှပင်ကောင်းနေစေကာမူ အိမ်တံခါး၀အထိလာပို့ပေးလျှင်တောင် လျစ်လျူရှုပစ်တတ်သည့်သူမျိုးပင်။

လူတချို့သည် ပြင်းထန်ကြီးမားလွန်းသည့် ရည်မှန်းချက်တွေကြောင့် ဤနယ်ပယ်ထဲတွင် ကြုံတွေနေကြဖြစ်ရပ်တွေကဲ့သို့ ကိုယ့်ကိုယ်ကိုယ်အစားအစာတစ်ခုလိုထိုးကျေွးကြသည့် သူများစွာကိုမြင်တွေခဲ့ဖူးပေမယ့် ထိုသူတွေနှင့်မတူညီစွာ စုယိသည် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားကာ အသန့်ရှင်းဆုံးနေသည့်သူတွေထဲက တစ်ယောက်အပါအ၀င်ဖြစ်သည်။

သူမတွင် ရည်မှန်းချက်ရှိသည်။ သို့ပေမယ့် ကိုယ်တိုင်စီစဉ်ဦးဆောင်တတ်သူမျိုးဖြစ်ပြီး အထောက်အပံ့အတွက် အစားအစာလေးတော့အဖြစ်ခံမည့်သူမျိုးမဟုတ်ပေ။

သူမရဲ့ အချစ်ရေးမှာလည်း ထိုသို့ပဲ ပြုမူလိမ့်မည်ဟု ၀ူရွှယ်ယုံကြည်ပေသည်။ သူမအနေဖြင့် တစ်ယောက်ယောက်နှင့် ချစ်ကြိုက်မည်ဟု ဆုံးဖြတ်လိုက်လျှင် ထိုလူက သူမ တစ်သက်လုံးစာအတွက်ရည်ရွယ်လို့ပဲ ဆိုသည်မှာ သေချာပေါက်ပင်ဖြစ်သည်။

"ရွှယ်ရွှယ်လေး"

စုယိသည် ထုပ်ပိုးလို့ပြီးသည်နှင့် ရုတ်တရက်ကြီး သူမဘက္သို့ ရဲတွတ်နေသည့်ပါးပြင်လေးဖြင့် လှည့်ကြည့်လာသည်။

"အဲ့ဒီကိစ္စမှာလေ...အဟီး ငါသိဖို့လိုတာလေးများရှိသေးလား ဗဟုသုတေလး ဘာလေးsharingလေး လုပ်ပါဦး"

၀ူရွှယ်သည် သူမ၏ အတွေးယာဉ်ကြောကြီးကို ဖယ်ထုတ်လိုက်ပြီးနောက် အသိပြန်၀င်လာချိန်တွင် စုယိ၏ အမေးကြောင့် ကြောင်တိကြောင်တောင်ဖြစ်သွားမိသည်။

He's MineHikayelerin yaşadığı yer. Şimdi keşfedin