Chapter 57
ဖောက်ပြန်ခြင်းလား။
စုယိသည် ချူယင်းလက်ဖဝါးထဲရှိပုဝါပေါ်မျက်နှာအပ်ကာသုတ်လိုက်ပြီးမှ ပုဝါကိုဆွဲယူလိုက်သည်။ သူမသည် အတွင်းခံအဝတ်အစားများကိုသာ ဝတ်ထားပေ၏။ သူမသည် အခုလေးတင်မျက်နှာသစ်ထားတာဖြစ်သဖြင့် သူမ၏ရှေ့ဆံပင်တွေသည် စိုစွတ်ကာ ပါးပေါ်တွင်ကပ်နေပြီး ရေစက်များမှာလည်း ထိုဆံပင်မှတစ်ဆင့် သူမရဲ့သေးပြီးနူးညံ့သောမေးစေ့အထိစီးကျနေသည်။ သူမနှုတ်ခမ်းတွေသည်လည်းစိုစွတ်နေ၏။
သူမ သူ၏လက်ပေါ်တွင် စက်ဝိုင်းတစ်ခုဆွဲလိုက်သည်။
"ဗိုလ်ကြီးယင်း"
သူမသည် ဖြားယောင်းသွေးဆောင်လိုသော အသံဖြင့် "နောက်ထပ် ရေထပ်ချိုးချင်သေးလား"
သူ မျက်ခုံးပင့်လိုက်ပြီးနောက် တစ်ဆက်တည်းဆိုသလိုမျက်လုံးတွေကလည်းမည်းနက်သွားသည်။
ခဏလောက်ကြာတော့ "မစနဲ့တော့ ဒါမှမဟုတ်ရင် မင်းပြန်ပြီးဖျားသွားလိမ့်မယ်"
စုယိ သူ့လက်မောင်းကို ဖမ်းဆွဲလိုက်ပြီး "ကျွန်မ နေကောင်းနေပြီ တကယ်ပြောနေတာ"
သူမ အဆွဲလွန်သွားတာကြောင့် ဖြူဖွေးပိန်သွယ်သောသူမလက်မောင်းတစ်ခုလုံးက အပြင်ဘက်သို့ပေါ်ထွက်လာသည်။ ရေစက်အနည်းငယ်တောင် လက်မောင်းပေါ်၌ရှိနေသေးသည်။
သူ တုန့်ပြန်မှုမရှိတာကိုတွေ့တော့ သူမကဆက်ပြောသည်။
"တကယ်ပြောတာ ရှင်မယုံရင် ကျွန်မကိုလာစမ်းကြည့်လှည့်"
သူမ၏နဖူးကိုဆန့်ထုတ်ပေးလိုက်သည်။ သူမ၏အတွင်းခံအဝတ်အစားတွေသည် သူမ၏ခန္ဓါကိုယ်အပေါ်ပိုင်းရှိကောက်ကြောင်းများကို ထင်ရှားပေါ်လွင်နေစေသည်။
ချူယင်းမျက်လုံးများကိုမှိတ်လိုက်သည်။ သူ၏ အာဒမ်ပန်းသီးက အထက်အောက်လှုပ်ရှားသွားပြီး ကိုယ်ကိုကွေးကာ သူမနှဖူးကိုထိလိုက်သည်။
'အရမ်းအေးတယ်'
"မပူတော့ဘူး ဟုတ်တယ်-"
ထို့ထက်ပိုပြီးထိန်းမထားနိုင်တော့ပေ။