Chapter 18
ချူယင်းသည် ဖုန်းပြောနေရာမှ ပြန်ရောက်လာသောအခါ စုယိ၏ဘေး၌ဝိုင်းနေသောလူများကိုတွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်ပြီး ခြေလှမ်းများကို အရှိန်မြှင့်တင်လိုက်၏။သူ အနီးနားသို့ရောက်လာသည်နှင့်အမျှ ဆံပင်အဝါဖြင့်တစ်ယောက်၏အသံက လွင့်ပျံ့လာသည်။
" အစ္မက ဆိုင်ကြီးတွေကို အဲ့လိုမျိုးဝင်ခဲ့တာပေါ့ "
" ယုံချင်ယုံ မယုံချင်နေ "
Maskတပ်ထားသော စုယိ၏လေသံကတစ်မျိုးဖြစ်နေပြီး သူမသည် ပြောပြီးပြီးချင်း လှည့်ထွက်သွားရန်ပြင်လိုက်သော်လည်း အနောက်မှသုံးယောက်က သူမအား လှမ်းဖမ်းဆွဲထား၏။
"အဲ့လိုမလုပ်ပါနဲ့ အစ်မကြီး...ကျွန်တော်တို့ နားထောင်နေပါတယ် ဆက်ပြောပြပါဦး "
ထိုအခါစုယိက နှာခေါင်းသံဖြင့်ရယ်မောလိုက်ပြီး အနောက်သို့ပြန်လှည့်ကာ ထိုသုံးယောက်အားလက်ချာပေးတော့သည်။
"ဆံပင်ညှပ်သင်တန်းကျောင်းဆင်းပြီးသွားတာနဲ့ ဆံပင်ညှပ်ဆရာ ချက်ချင်းဖြစ်လာမှာ မဟုတ်သေးဘူး...ပထမဆုံး ဆိုင်တစ်ခုခုမှာ အလုပ်သင်ဝင်လုပ် ...ဖောက်သည်တွေကို စိတ်ရှည်လက်ရှည် ခေါင်းလျှော်ပေးပြီး ဘောက်ဆူးလေးဘာလေးယူပေါ့...နှစ်ဝက်ကနေတစ်နှစ်အထိကြာသွားရင် ဆံပင်ညှပ်ဆရာဆီကေန ပညာယူဖို့အခွင့်အရေးရလာလိမ့်မယ် "
စုယိမွာ ယုံကြည်မှုရှိရှိ၊ သွက်သွက်လက်လက်နှင့် သဘာဝက်က် ပြောဆိုတတ်သူဖြစ်သည်။ထိုသုံးယောက်ကလည်း ခေါင်းတညိတ်ညိတ်ဖြင့်ဂရုတစိုက်နားထောင်နေကြ၏။
" အဲ့လိုလား... အစ်မကြီးက အရမ်းအံ့ဩဖို့ကောင်းတာပဲ "
" ဘယ်သူ့ကိုအစ်မကြီးလာခေါ်နေဝာာလဲ ...ရပြီ သွားတော့... နေဦး လက်ကမ်းစာစောင်လေးပြန်ယူသွား"
ထိုသုံးယောက်က စုယိထံမှလက်ကမ်းစာစောင်ကိုပြန်ယူပြီး ကျေးဇူးတင်ကြောင်းတဖွဖွပြောလျက် အခင်းနေရာမှ ထွက်ခွာသွားတော့သည်။
ကိစ္စအရပ်ရပ်ပြီးဆုံးသွားပြီးနောက် ချူယင်းမှာ စုယိ၏အနားသို့တိုးကပ်သွားခဲ့ပြီး ထိုအချိန်တွင် စုယိထံမွ ဆရာမကြီးအသွင်အပြင်သည်လည်း ပျောက်ကွယ်သွားပြီဖြစ်လေ၏။စုယိက ချူယင်းအား ပြုံးပြနေပြီး လောလောလတ်လတ်ဖြစ်ပျက်သွားသည့်ကိစ္စနှင့်ပတ်သတ်၍ စကားတစ်ခွန်းမှမဟခဲ့ပေ။