He's Mine

315 23 0
                                    

Chapter 47

ပြင်းပြင်းဆွဲရင်ချိုးဖြတ်နိုင်တယ်။

[ ဟေ့ကောင်! မင်း အခုချက်ချင်း ငါ့နတ်ဘုရားမကို လွှတ်လိုက်စမ်း!! ]

[ သူက ဘယ်သူလဲ အရမ်းချောတာပဲ! ]

[ သေကုန်တော့မှာပဲ! ငါ့ကုမ္ပဏီက ဘောစ့်ကြီးကို တိုက်ရိုက်ထုတ်လွှင့်တဲ့ ပလပ်ဖောင်းပေါ်မှာ လာတွေ့နေတယ်ဟ! သူကုမ္ပဏီကို တာဝန်ယူပြီးတာပဲ လအနည်းငယ်ကြာသွားပြီ ငါကတော့ သူ့ရဲ့ သောက်ရမ်းချောတဲ့ မျက်နှာလေးကို တစ်ကြိမ်ပဲ မြင်ဖူးသေးတယ်…]

[ အဲဗရီဘာဒီအတွက် မျှဝေလိုက်ပေးပါတယ် သူက ချူကော်ပိုရေးရှင်းကို ဆက်ခံပြီးတာမကြာသေးတဲ့ အိမ်ရှေ့စံ မင်းသားလေးပါနော် ]

ချူယင်းသည် အိတ်များကိုချရန် အချိန်အနည်းငယ်ယူလိုက်ရသဖြင့် နောက်ကျသွားပြီး စုယိတစ်ယောက် လုပ်ကွက်တစ်ဝက်ခန့် ပြီးသွားချိန်တွင် အခြားတစ်ဖက်မှကစားသမားသည် ဂိမ်းပြီးဆုံးသွားပြီဖြစ်သည်။

သူမသည် ဂိမ်းpageကို ကျဥ်းလိုက်ပြီး commentများကို ဖတ်ကြည့်လိုက်သည်။ ချူယင်းသည်လည်း စားပွဲပေါ်တွင် လက်တစ်ဖက်ကို ထောက်တင်ထားပြီး ထို commentများကို စိတ်ဝင်တစား လိုက်ဖတ်ကြည့်နေပေသည်။

ဤတိုက်ရိုက်ထုတ်လွှင့်မှုပလပ်ဖောင်းအတွက် လက်ဆောင်ပေးသည့်စနစ်တွင် အထူးလုပ်ဆောင်ချက်တစ်ခုပါရှိပြီး၊ လက်ဆောင်ပမာဏအများဆုံးကို ပေးသောသူသည် တော်၀င်အဆင့်ကြွယ်ဝမှုစာရင်း၏ ထိပ်ဆုံးသို့ရောက်ရှိသွားပြီး တိုက်ရိုက်ထုတ်လွှင့်မှုမှ ထိုပရိသတ်များသည် ၎င်းတို့၏ commentများကို ဖန်သားပြင်၏ထိပ်ဆုံးတွင် ရှိနေစေနိုင်မည်ဖြစ်သည်။ 

ကြီးမားပြီး တောက်ပသည့် effectတွေဖြင့် စက္ကန့်နှစ်ဆယ်ကြာအောင် မိန့်မိန့်ကြီးနေနေနိုင်မည်ဖြစ်သည်။

စုယိ၏ တိုက်ရိုက်ထုတ်လွှင့်မှုအတွက် တော်၀င်အဆင့်ကြွယ်၀မှုစာရင်း၏ ထိပ်ဆုံးတွင် ရပ်တည်နေသူမှာ ဂဏန်းခြောက်လုံးလောက်အထိ လက်ဆောင်များရက်ရက်ရောပေးခဲ့သည့် ရှားရော့ အမည်ရှိ မိန်းကလေးတစ်ဦးဖြစ်သည်။

He's MineWhere stories live. Discover now