Chapter 30
လျိုရှီးရောက်ရှိလာချိန်တွင် ချူယင်းရဲ့ ရှေ့တွင် မို့မောက်နေသော ကျောက်ပုစွန်အခွံပုံကြီးကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။
ချူယင်း၏ဘေးတွင် သူ အမြန်၀င်ထိုင်လိုက်သည်။ ဘာကြောင့်ဆို ချူယင်း ထွက်ပြေးသွားမှာကို စိုးရိမ်လို့ပင်။
[ T/N သူတို့ကကြည့်ရတာ စားပွဲ၀ိုင်းပုံစံမျိုးထိုင်နေကြပုံပဲ ]
"မင်းက ငါ့ကိုမခေါ်ဘဲနဲ့ တစ်ယောက်တည်း မာလာကျောက်ပုစွန်ကိုလာကစ်တယ်ပေါ့လေ"
ချူယင်းက သူ့ကို တစ်ချက်ပင်ကြည့်မလာပေ။
"ဒီတခေါက် ငါ မင်းကိုမခေါ်လဲ မင်း ရောက်ချလာတာပဲမလား"
လျိုရှီးက ဂရုမစိုက်ချေ။
စုယိကို သူက ဖော်ရွေသောအမူအရာဖြင့် ပြုံးပြကာ "ကျောက်ပုစွန်ကို အခွံခွာရင် လက်အိတ်ကို သုံးရတယ်လေ မဟုတ်ရင် မင်းလက်က နံလာလိမ့်မယ်"
သူစကားဆုံးသည့်အချိန်တွင် သူ၏ ညီအစ်ကိုကောင်းသည် အခွံခွာထားပြီးသား ကျောက်ပုစွန်အသားကို စုယိ၏ပန်းကန်ထဲသို့ သဘာဝကျကျပင် ထည့်လိုက်သည်ကို မြင်လိုက်ရသည်။
ဟင်...။
သူတို့သည် ငယ်ငယ်တုန်းကတည်းက ဘောင်းဘီတစ်ထည်ကိုအတူတူ၀တ်လာကြတဲ့သူတွေဖြစ်ပြီး ယခုအချိန်အထိ ချူယင်းသည် စားသောက်ကြသည့်အခါတိုင်း သူ့ကို တစ်ခါမျှပင် မကူညီခဲ့ဖူးပေ။
သူ့မျက်လုံးများက ပြူးကျယ်သွားရသည်။
"ဟေး မဟုတ္ဘူးမလား...မင်းတို့က...အဲ့ဒါ..."
စုယိသည် ချူယင်းဘက်သို့ အသာလေးခေါင်းစောင်းကာ ပြုံးပြလိုက်သည်။
လျိုရှီးသည် ချူယင်းနှင့် မတူချေ။ သူ၏ WeChat တွင် အထူးစပယ်ရှယ်ဂရုချက်တစ်ခုရှိပြီး ထိုအထဲတွင် နာမည်ကြီးအမျိုးသမီးသရုပ်ဆောင်များ အယောက်ငါးဆယ်ထက်မနည်းရှိသောကြောင့် ဖျော်ဖြေရေးလာက၏ အတွင်းပိုင်းဂယက်များနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းသိထားပေသည်။
မကြာသေးမီက စုယိအကြောင်း အတင်းအဖျင်းပြောသံများက တကယ္ကို ဒေါသတကြီး ဖြစ်နေကြသည်။ လျန့်ပေါအကြောင်းကို သူ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း တစ်ချက်ကြည့်လိုက်ချိန်တွင် ယာဉ်ရပ်နားရာနေရာရှိ 'Bigshot' မွာ ချူယင်း ဖြစ်မှန်းသူချက်ချင်းမှတ်မိသွားသည်။