He's Mine😉

325 27 0
                                    

Chapter 17

ပူလောင်မှုနှင့် အေးစက်မှု။

စုယိမွာ ဤလမ်းသို့တစ်ခါမှမရောက်ဖူးဘဲ မြင်မြင်သမျှက သူမအတွက် အထူးအဆန်းဖြစ်နေလေသည်။သူမသည် ကားပြတင်းပေါက်မှန်အား ခေါင်းစိုက်မိတော့မတတ် အပြင်သို့ ငေးမောကြည့်နေမိသည်။အချိန်အတော်ကြာပြီးနောက် စုယိသည် ချူယင်းအား မေးလိုက်တော့သည်။

" ဈေးဝယ်ထွက်မလို့လား "

"မဟုတ္ဘူး"

ထို့နောက်တွင် စုယိသည် အပြင်သို့ဆက်မကြည့်တော့ဘဲ ဖုန်းမှတစ်ဆင့်လက်ရှိတည်နေရာကိုရှာကာ screenshot ရိုက်ယူထားလိုက်၏။ဤအရပ်၌ လူအများအပြားရှိပြီး လမ်းထဲ၌ ကားကအနည်းငယ် နေရာယူနေလေသည်။ချူယင်းသည် ကားအား တရွေ့ရွေ့မောင်းနှင်လာခဲ့ပြီး ယခုအချိန်ထိ ဘရိတ်မအုပ်သေးပေ။

အချိန်အတော်ကြာသည့်အခါမှ ချူယင်းက ဘေးတစ်နေရာသို့ ကွေ့ပြီးကားရပ်လိုက်တော့သည်။

ချူယင်းကားရပ်လိုက်သောနေရာသည် သီးသန့်ပါကင်ထိုးရန်ပြုလုပ်ပေးထားသောနေရာဖြစ်ဟန်တူ၏။

" ဒါက သီးသန့်ကားပါကင်လား "

ချူယင်းဘက်မှ ပြန်မဖြေမီတွင် စုယိမွာ မလှမ်းမကမ်း၌ပြုံးလျက်လက်ဝှေ့ယမ်းပြနေသည့် လူတစ်ယောက်အား တွေ့လိုက်ရသည်။စုယိ၏ စိတ်ရှုပ်ထွေးမှုကို သတိထားမိသောချူယင်းက ခပ်မြန်မြန်ပင် ရှင်းပြလာ၏။

"သူက အနှိပ်ဆရာလေ"

ဆေးခန်းမှာ ကြီးကြီးမားမားမဟုတ်ဘဲ ကုတင်နှစ်လုံးနှင့် ခုံရှည်တစ်ခုသာရှိသည်။အတန်းလိုက်ထောင်ထားသောလိမ်းဆေးဘူးများ၏အရှေ့တွင်ထိုင်နေသူက မတ်တပ်ထလာပြီး စုယိအားမေးမြန်းလေသည်။

" ဘာဖြစ်တာလဲ "

"ဒေါက်ဖိနပ်စီးရင်း ခြေထောက်ခေါက်လဲတာပါ "

သူမ၏ခြေကျင်းဝတ်မှာ အတော်ပင်သက်သာနေပြီဖြစ်သော်လည်း ချူယင်း၏ရှေ့တွင် သနားစဖွယ်ပုံပေါက်အောင် မူရာမာယာများနေခဲ့ခြင်းသာဖြစ်လေသည်။

သို့သော်လည်း တစ္ဖက္လူက အသေအချာမှတ်ထားပြီး အနှိပ်ခန်းဆီသို့ ဆွဲခေါ်လာမည်ဟု စုယိခမ်ာ လုံး၀မမျှော်လင့်ထားခဲ့မိပေ။ချူယင်းက သူမ၏ဘေး၌ဝင်ထိုင်ရင်း အနှိပ်ဆရာအားပြောလိုက်သည်။

He's MineWhere stories live. Discover now