Chapter 58
သူထွက်သွားသည်ကိုမြင်တော့ ချူရှီးသည် တိုးတိုးလေးပြောလာသည်။
"ငါ ဖုန်းခေါ်တဲ့သူကိုမြင်လိုက်တယ် အဲဒါအဖေလေ သေချာပေါက် သူ့ကိုမြန်မြန်ပြန်လာဖို့ ဖုန်းလှမ်းဆက်တာဖြစ်ရမယ်"
စုယိ 'အမ်-ဟမ်'လို့သာ ပြန်ဖြေပြီး ဂရုမစိုက်စွာဖြင့် နို့ဆန်ပြုတ်ကိုဆက်သောက်နေလိုက်သည်။
သူမ ဒီလိုဖြစ်နေတာမြင်ပြီး ချူရှီးမမေးဘဲမနေနိုင်တော့ပေ။
"ဘာလို့လဲ နင်မသိဘူးလား"
“မသိဘူး”
"နောက်လာမဲ့ရက်အနည်းငယ်အတွင်းမှာ ယန်ရော့လင်ရဲ့အဖိုးက မွေနေ့ပွဲအကြီးအကျယ်ကျင်းပလိမ့်မယ်" ချူရှီးပြောလိုက်သည်။
"ငါ့အစ်ကိုကို တွေ့ချင်တယ်လို့ ယန်မိသားစုက ပွင့်ပွင့်လင်းလင်းဖိတ်ထားတယ်လို့ ငါကြားခဲ့တယ်"
သူမ မျက်လုံးကိုပင့်လိုက်ပြီး "ဘာအတွက်လဲ"
"ဒါပေါ့ သူက အစ်ကို့ကို သူတို့ရဲ့မြေးမလေးနဲ့ ငယ်ဘဝအမှတ်တရလေးတွေ ပြန်မှတ်မိစေချင်လို့နေမှာပေါ့"
စုယိမျက်ခုံးကိုပင့်လိုက်ပေမဲ့ ဘာမှတော့မပြောပေ။
ချူရှီး နောက်ဆုံး၌သဘောပေါက်သွားကာ "LDRSဆက်ဆံရေးမျိုးက တကယ် စိတ်ပျက်စရာကောင်းလား"
"အဆင်ပြေပါတယ်"
စုယိနောက်ကိုမှီလိုက်ပြီး ယောင်ယောင်လေးပြုံးလိုက်သည်။
"ငါတို့အမြဲတမ်းမရနိုင်တဲ့ပျော်စရာအချို့တော့ ရံဖန်ရံခါရှိပါတယ်...မင်းက ငယ်သေးတယ် နားလည်မှာမဟုတ်ဘူး"
ချူယင်းဝင်လာတော့ စုယိကစားပြီးသွားပြီဖြစ်သည်။ သို့ပေမယ့် နို့ဆန်ပြုတ်ကပန်းကန်တစ်ဝက်ကျော်ကျန်နေသေးသည်။
သူထိုင်လိုက်ပြီး မေးသည်။ "ဘာလို့နည်းနည်းလေးပဲစားတာလဲ"
"ဗိုက်ပြည့်နေပြီ ရှင် ဘယ်အချိန်ပြန်ဖို့ စီစဥ်ထားလဲ"
"ကိုယ်တို့ နေ့ခင်းပြန်မှာ ကုမ္ပဏီမှာကိစ္စလေးရှိလို့"
အစက သူသည် ရက်အနည်းငယ်လောက်နေပြီးမှ ပေကျင်းကိုပြန်ဖို့စီစဥ်ထားသည်။ သို့ပေမယ့် ဖေဖေချူက သူ့ကိုအခုချက်ချင်းပြန်လာရန်နှင့် ကုမ္ပဏီခွဲအကြောင်းဆွေနွေးရန် ဖုန်းခေါ်ခဲ့သည်။