He's Mine

315 28 0
                                    

Chapter 46

ဖန်သားပြင်သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။ ထို့နောက် မျက်နှာပြင်တစ်ခုလုံးသည် '666666-လျို့လျို့လျို့လျို့လျို့လျို့' တို့ဖြင့် ပြည့်နှပ်သွားတော့သည်။

စုယိသည် အနည်းငယ်ရယ်စရာကောင်းသည်ဟုခံစားလိုက်ရသဖြင့် သူမဘေးမှသူဘက်သို့ လှမ်းကြည့်လိုက်သည်။

"ကြည့်စမ်းပါဦး ငါ့ပရိသတ်တွေက ငါ့ကို ချီးကျူးနေကြတယ်"

၀ူရွှယ်သည် လှောင်ပြောင်မှုအပြည့်ဖြင့်ပြန်ဖြေလိုက်သည်။

"သူတို့က နင့်ကို နှစ်သိမ့်နေကြတာ အဲဒါကို တကယ်ကြီး အတည်ယူမနေနဲ့"

[ 233333 မေ့မေ့လေးလား/ကျဲကျဲလေးလား ဘာပဲဖြစ်ဖြစ်တစ်ယောက်ယောက်ရေ မင်းမြင်ရင်တောင် မမြင်ချင်ယောင်ဆောင်ထားပေးပြီး ဒီလိုမပြောပါနဲ့လို့ ]

[ သူမက ရှောက်ပြောနေတာ ငါတို့တွေက မင်းကို တကယ်ကြီးချီးကျူးပေးနေတာပါနော် ]

[ မင်းမျက်နှာကို အခုတလော botox တွေ အများကြီးလုပ်ထားတယ် မဟုတ်လား]

[ T/N - botox ဆိုတာက အရေးအကြောင်းတွေကိုပျောက်အောင်လုပ်တာမျိုးပါ ]

“ဒါမျိုးတော့ ငါသည်းမခံနိုင်ဘူး”

စုယိက မေးစေ့ကို ပင့်မော့၍ပြောလိုက်သည်။

“တို့ မနေ့ညက အိပ်ရာမဝင်ခင် ရေတွေအများကြီးသောက်လိုက်မိလို့ နိုးလာတဲ့အချိန်မျက်နှာက နည်းနည်းပါးပါး ရောင်နေရုံပါ အဲ့တော့ အခုလောလောဆယ် တို့ကအတော်လေးကိုရုပ်ဆိုးနေတာမို့ မင်းဒါကို သည်းခံနိုင်ဖို့တော့လိုလိမ့်မယ် တို့ရဲ့ တကယ်ပုံစံအစစ်အမှန်က ဘယ်လိုပုံလဲဆိုတာ မင်းစိတ်ထဲကနေသိနေရင်ပဲ လုံလောက်ပါပြီ မင်းနေကောင်းပါစေနော်"

ချူရှီးသည် မထိန်းချုပ်နိုင်တော့ဘဲ လက်တော့ပ်ရဲ့နောက်ကွယ်မှ လက်မထောင်ပြလိုက်သည်။

အတော်ကြာကြာ သူမသည် စကားစမြည်ပြောနေလိုက်သည်။ စုယိ သည် comment အကုန်လုံးနီးပါးကို သေချာဖတ်နေပြီး သူမ စိတ်ဝင်စားသည့်မေးခွန်းများဆိုလျှင် ချီးမွမ်းသည်ဖြစ်စေ လှောင်ပြောင်သည်ဖြစ်စေ လက်ခံ ဖြေကြားပေးလိုက်သည်။

He's MineWhere stories live. Discover now