He's Mine

305 23 0
                                    

Chapter 55

ညသန်းခေါင်အချိန်မှာ ရေဆာသောကြောင့် စုယိ နိုးလာခဲ့သည်။ သူမမှတ်ဥာဏ်တွေ ရှုပ်ထွေးနေတာကြောင့် မျက်တောင်များကိုခတ်ကာ စဥ်းစားလိုက်သည်။ ပြန့်ကျဲနေသောမှတ်ဥာဏ်တွေကို ပြန်စုစည်းဖို့ အချိန်ခဏလောက်ယူလိုက်ရသည်။

တစ်ညလုံးနီပါး သူမကိုဖက်ထားသော လက်မောင်းတစ်ဖက်သည် အလွန်နွေးထွေးလွန်းလှသည်။အချိန်အတော်ကြာအောင် အချိန်ဆွဲပြီးနောက် သူမဂရုတစိုက်ဖြင့် ထထိုင်လိုက်ပြီး ဘေးနားတွင်ရှိသောရေခွက်ကို လှမ်းယူဖို့ပြင်လိုက်သည်။

သို့ပေမယ့် ရေခွက်ကိုမထိခင်မှာဘဲ သူမခါးနေရာတစ်ဝိုက်က နွေးခနဲဖြစ်သွားသည်ကို ခံစားမိသည်။ ထိုသူက သူမခါးကိုဆွဲထားပြီး လေသံလေးနဲ့ပြောလာသည်။

"မင်း ဘာလုပ်ချင်လို့လဲ"

စုယိအသံတိုးတိုးလေးဖြင့် "ကျွန်မကြောင့်နိုးသွားတာလား ရေသောက်ချင်လို့ "

သူမခါးကိုဖက်ထားသောလက်မောင်းရဲ့အားက လျော့မသွားပေ။ ချူယင်းက ထထိုင်လိုက်ပြီး အိပ်ယာဘေးရှိ ရေခွက်ကိုလှမ်းကြည့်လိုက်သည်။

"အဲ့ဒီရေက အေးနေပြီ ဒီမှာပဲ လှဲနေလိုက် ကိုယ်ရေနွေးသွားကျိုပေးမယ်"

စုယိ နာနာခံခံဘဲ အိပ်ယာပေါ်မှာ ပြန်ထိုင်နေလိုက်သည်။ချူယင်းသည် အတွင်းခံကိုသာဝတ်ဆင်ထား၏။ သူ့ရဲ့ခြေတံတွေက ရှည်လျားပြီး သူလမ်းလျှောက်လိုက်တိုင်း ကြွက်သားလိုင်းတွေကို အနည်းငယ်မြင်နိုင်ကာ သူမအခြားကိုအကြည့်မလွှဲနိုင်သည်အထိ စုယိရဲ့အကြည့်တွေကို အခိုင်အမာ ဆွဲဆောင်ထားနိုင်ပေသည်။

သူတို့ငှားနေတဲ့ဟိုတယ်က အထက်တန်းစားဟိုတယ်မဟုတ်ပေ။ ပြီးတော့ သူမယူထားသောအခန်းကလည်း ပုံမှန်အခန်းပင်ဖြစ်သည်။ ထို့ကြောင့် အခန်းထဲတွင် လျှပ်စစ်ရေနွေးအိုး တစ်လုံးသာရှိပြီး ထိုသည်ကအလုံအလောက်ကောင်းမည့်ပုံမပေါ်ပေ။

ပလပ်ထိုးပြီးနောက် ချူယင်းသည် ပြန်လျှောက်လာပြီး လက်တစ်ဖက်ကို သူမရဲ့ခေါင်းအနောက်မှာထားပြီး ကျန်လက်တစ်ဖက်ကို သူမနှဖူးပေါ်တင်လိုက်သည်။

He's MineOnde histórias criam vida. Descubra agora