He's Mine😉

429 30 0
                                    

Chapter 5

ဘေးတွင်ထိုင်နေသော ဇာတ်ညွှန်းရေးဆရာက သူမကို ကြား၀င်တားမြစ်လိုက်သည်။ ဇာတ်ညွှန်းစာရွက်တွေကို မျက်မှောင်ကြုတ်၍ လှန်လှော်ရှာဖွေနေရင်း အချိန်အတော်ကြာပြီးနောက် သူမြင်ချင်သည့် sceneကို တွေ့မှသာ ရပ်တန့်သွားတော့သည်။

သူက စုယိကို မော့ကြည့်၍မေးလာသည်- မင်း ဇာတ်ညွှန်းတစ်ခုလုံးကို ဖတ်ပြီးပြီလား

စုယိ "ကျွန်မ အကုန်ဖတ်ပြီးပါပြီ"

"အိုကေ ဒါဆို အကကနေရင်း သေရည်နဲ့ဧည့်ခံပေးတဲ့ အဲဒီ scene ကို မင်းသရုပ်ဆောင်ပေးနိုင်မလား... မင်း အဲ့ဒါကဘယ်အခန်းလဲဆိုတာ သိတယ်ဟုတ်..."

ရုတ်တရက် တောင်းဆိုမှုကြောင့် စုယိသည် စိတ်မရှုပ်ထွေးသွားချေ။ ထိုအစား သူမက ပြန်ပြုံးပြလိုက်သည်။

လီမင်သည်လည်း ပြုံးလိုက်မိသည်။ ယခင်က ဇာတ်ညွှန်းရေးသူသည် သရုပ်ဆောင်အများစုကို သတ်မှတ်ထားသည့်အတိုင်း တတိယမြောက် ဇာတ်ညွှန်းရဲ့အခန်းအနည်းငယ်ကို သရုပ်ဆောင်ခိုင်းခဲ့သည်သာဖြစ်ပြီး၊ စုယိသည်သာ တစ်ခုတည်းသော ခြွင်းချက်ဖြစ်သည်။

ဆိုလိုသည်မှာ စုယိသည် အထူးခြွင်းချက်ဖြစ်သည်။

စုယိက စကားပြန်မပြောပေ။ ထိုအစား သူမ၏ညာလက္ကို မြှောက်လိုက်ကာ သူမ၏ လက်ချောင်းလေးများသည် သေရည်ခရားအိုးကို ကိုင်ထားသကဲ့သို့ လွပေသာ အကွေးအညွှတ်လေးများဖြင့် ကွေးကောက်သွားကြသည်။

သူမသည် ယခင်က အကသင်တန်းမျာတကူးတကတတ်ခဲ့ခြင်းမျိုးအမှန်တကယ် မရှိခဲ့ပါသော်လည်း ယခင်တုန်းက သရုပ်ဆောင်ခဲ့သည့် ဇာတ်ဆောင်တစ်ခု၏ လိုအပ်ချက်ကြောင့် poleအကကို ကိုယ်တိုင်လေ့လာခဲ့ဖူးသည်။

နောက်ခံဇာတ်ကြောင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အစောပိုင်းနှစ်များဖြစ်တာကြောင့် poleအကသည် များစွာအသုံးမတွင်ကျယ်သေးသော်လည်း တစ်စုံတစ်ဦးမှ လွပေသာ ခြေလက်လေးများဖြင့် အစပြုကလိုက်သည့်အခါ ထူးထူးခြားခြားကိုဖြစ်သွားစေနိုင်သည်- တိုတိုပြောရလျှင် သူမ၏ခါးကိုလိမ်လိုက်ချိန်၊ ခြေထောက်ကိုမြှောက်ကာ ကွေးလိုက်ချိန်မျိုးတွင် အတော်လေးကို ထူးထူးဆန်းဆန်းစိတ်ကူးယဉ်မှုများကိုနိူးဆွပေးနိုင်စွမ်းရှိနေသည်။

He's MineWhere stories live. Discover now