He's Mine😉

326 26 0
                                    

Chapter 15

နေ့တိုင်း သေအောင်အလုပ်များနေတာကို ဘယ်အချိန်မှာ မက်ဆေ့ခ်ျသွားပို့ရမှာလဲ ... သူဟာသူခွင့်မိန့်ကျမှ ငါ့လာတွေ့ပေါ့ "

ဝူရွှယ်၏အဖြေကြောင့် စုယိမွာ ပိုလို့ပင်ဝမ်းနည်းသွားရပြီး ထိုအချိန်တွင် ဝန်ထမ်းတစ်ယောက် ရောက်လာခဲ့သည်။

"ယိကျဲ...အခုစလို့ရပြီ အဆင်သင့်ဖြစ်ပြီလား"

" ဖြစ်ပြီ "

စုယိက eye linerဖြင့် သူမ၏ညာဘက်မျက်လုံးအောက်တွင် မှဲ့တစ်စက်ချလိုက်၏။ထို့နောက် သူမက ဝန်ထမ်း၏အနောက်သို့လိုက်သွားခဲ့ပြီး အလှပြင်ခန်းထဲမှထွက်လာလိုက်သည်။

စင်အောက်တွင်ထိုင်နေသော ဝူရွှယ်မှာ စာသင်ခန်း၏နောက်ဆုံးတန်းတွင်ထိုင်လျက် ဆရာ၏သင်ကြားပို့ချမှုပုံစံအား လာရောက်အကဲခတ်နေသော အထက်လူကြီးတစ်ဦးနှင့်တူနေသည်။

ယနေ့သည် လျှိုမင်ဟောင်နှင့်သူမ၏ခုနစ်နှစ်ပြည့် နှစ်ပတ်လည်ဖြစ်သော်လည်း မင်ဟောင်က အလုပ်များနေသည့်အပြင် သူမသည်လည်း စုယိအားစိတ်မချနိုင်သောကြောင့် ဤနေရာအထိလိုက်လာခဲ့ခြင်းဖြစ်၏။

ထိုအချိန်တွင် အန်းရွှမ်က သူမအား ရေတစ်ခွက်ကမ်းပေးလာသည်။

" ဝူကျဲ ...ရေနည်းနည်းလောက်သောက်လိုက်ပါဦး ",

"အိမ်မှာ အဆင်ပြေရဲ့လား" ဝူရွှယ်က ဖန်ခွက်ကိုလှမ်းယူရင်း အန်းရွှမ်အား မေးလိုက်သည်။

အန်းရွှမ်မှာ ဝူရွှယ်အား အိမ်သားတစ်ဦးဆုံးပါးသွားသည့်အတွက် ခွင့်ရက်အနည်းငယ်လိုအပ်ကြောင်း ပြောကြားခဲ့၏။

" ဟုတ်ကဲ့... စိုးရိမ်ပေးလို့ကျေးဇူးတင်ပါတယ် "

အန်းရွှမ်က ခပ်တိုးတိုးသာပြန်ဖြေသည်။

ထို့နောက်တွင် ဝူရွှယ်သည်လည်းနှုတ်ဆိတ်နေလိုက်ပြီး ဘာမှဆက်မပြောတော့ချေ။အခြားသူ၏အခက်အခဲပြဿနာများနှင့်ပတ်သတ်၍ သူမ လုပ်နိုင်သည့်အရာမရှိသောကြောင့် များများစားစားမေးနေရန် မသင့်တော်ပေ။စိုးရိမ်ကြောင်းဖော်ပြရုံနှင့်ပင် လုံလောက်နေပြီဖြစ်သည်။

He's MineWhere stories live. Discover now