စုယိသည် ထိုလက်အကြီးကြီးရဲ့နွေးထွေးမှုကိုခံစားမိ၏။

"လက်နဲ့တိုင်းတာထက် နှဖူးနဲ့တိုင်းတာက ပိုတိကျတယ်"

"အဓိပ္ပါယ်မရှိလိုက်တာ"

ထိုသို့ပြောပေမယ့်လည်း ချူယင်းသည် ခေါင်းငုံ့လိုက်ပြီး သူ့နှဖူးကို သူမနှဖူးပေါ်ထိကပ်လိုက်သည်။ နည်းနည်းတော့ ပူနေသေးသည်။

စုယိပြုံးကာ သူ့နှုတ်ခမ်းကို လှမ်းနမ်းလိုက်သည်။ သို့သော်လည်း သူမလုပ်ခဲ့တာအတွက် ချက်ခြင်းနောင်တရသွားသည်။

သူမပါးစပ်ကို အုပ်ပြီး "နမ်းလိုက်တဲ့အတွက် ရှင့်ကိုအဖျားကူးသွားပြီလား ကျွန်မမေ့သွားတယ်"

ချူယင်း မရယ်မိအောင်ကြိုးစားပြီး "ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်က အဲလောက်ထိ အားမနည်းဘူး"

ရေနွေးဆူသံကိုကြားသည့်အခါ သူပြန်သွားပြီး အဖုံးကိုဖွင့်ပြီး လောင်းထည့်လိုက်သည်။ ထို့နောက် လှည့်လာပြီး ရေချိုးခန်းထဲသို့ဝင်သွား၍ သွန်ပစ်လိုက်သည်။

"ဘာလို့သွန်ပစ်လိုက်တာလဲ"

စုယိလည်းဘယ်လိုမှမတတ်နိုင်ဘဲ ထလာပြီး ရေချိုးခန်းတံခါးကိုမှီထားလိုက်သည်။

"သယံဇာတတွေကို ဖြုန်းတီးနေတာပဲ"

"ဒီဟိုတယ်ရဲ့ လျှပ်စစ်ရေနွေးအိုးက အရမ်းညစ်ပတ်လွန်းတယ်"

ရေနွေးအိုးအပူကထွက်လာတဲ့ရေအရောင်ကိုကြည့်ပြီး ချူယင်းမျက်မှောင်ကြုတ်လိုက်သည်။

နှစ်စက္ကန့်လောက်နေတော့ သေချာစဥ်းစားပြီး "ရေသန့်သောက်လေ"

ဟိုတယ်အခန်းထဲက ရေခဲသေတ္တာထဲမှာ ပုလင်းအချို့ရှိပေမယ့် ရေခဲသေတ္တာကဖွင့်မထားပေ။ ထို့ကြောင့်ရေက အခန်းအပူချိန်လောက်ပဲရှိပေလိမ့်မည်။

စုယိ ခွက်တစ်ဝက်ထက်ပိုသောက်ပြီး ကျန်တာကို ချူယင်းက အကုန်သောက်လိုက်သည်။အားလုံးပြီးတဲ့နောက် သူမအချိန်ကိုကြည့်လိုက်တော့ ငါးနာရီခွဲနေပေပြီ။

စုယိ ပင်ပန်းမှုကိုမခံစားရတော့ပေ။ သူမမျက်လုံးဖွင့်လျက်အချိန်အကြာကြီးလှဲပြီးသည့်တိုင်အောင် သူမခုထိအိပ်မပျော်သေးပေ။ ထို့ကြောင့် ဘေးကလူရဲ့ရင်ခွင်ထဲသို့ လှိမ့်ဝင်လိုက်သည်။

He's MineWhere stories live. Discover now