အပိုင်း ၁၂၉၊၁၃၀

790 75 4
                                    

Uni

အပိုင်း ၁၂၉- မျက်နှာပျက်စေတဲ့ တုန်လှုပ်ဖွယ်ရာ အခိုက်အတန့်များ

ဤစားပွဲဝိုင်းတွင် ထိုင်ခုံ၄ခုံသာရှိသည်။ လေးယောက်နဲ့ အံကိုက်ဖြစ်အောင် ပြုလုပ်ထားသည် အဲ့တာက သူတို့အတွက် ပြီးပြည့်စုံသော အရာပဲ။

 
တုန်းဖန်းပိုင်သည် လဲ့ယောင်းယောင်း၏ ဘယ်ဘက်တွင်ထိုင်နေပြီး လန်ဂျင်းယွိက သူမ၏ညာဘက်တွင်ရှိကာ နန်ကုန်းကျင်းရှီက သူမနဲ့မျက်နှာချင်းဆိုင်မှာ ရှိသည်။

 
သူမ၏ အဆင့်အတန်းသည် အနိမ့်ဆုံးဖြစ်သော်လည်း နောက်ဆုံးတွင် လဲ့ယောင်းယောင်းသည် ဤခေတ်တွင် မကြီးထွားခဲ့ပေ။ ဒါကြောင့် သူမစိတ်ထဲမှာ တန်းတူညီမျှမှုဆိုတဲ့ စိတ်ဓာတ်ရှိနေတုန်းပဲ။

 
တုန်းဖန်းပိုင်သည် လဲ့ယောင်းယောင်း၏ ဗိုက်ထဲက တဟုန်ထိုးမြည်သံကို ကြားရသောအခါ မရယ်ဘဲမနေနိုင်ခဲ့ပေ။

လဲ့ယောင်းယောင်း မစားရဲမှာကို သူ ကြောက်တာကြောင့် သူ့ကိုယ်ပိုင် ကျောက်စိမ်းနဲ့လုပ်ထားတဲ့တူတွေကို အသုံးပြုပြီး သူမရဲ့ပန်းကန်လုံးထဲကို ကြက်သားတစ်တုံးကို ထည့်လိုက်သည်။

လဲ့ယောင်းယောင်းက ခေါင်းမော့ပြီး တုန်းဖန်းပိုင်အား ရင်သပ်ရှုမောဖွယ် ပြုံးပြလိုက်သည်။

 သူက “ဆာလောင်ပြီး ဗိုက်မနာလာခင် မြန်မြန်စား” လို့ တုံ့ပြန်လိုက်သည်။

“အင်း..”

ထို့ကြောင့် လဲ့ယောင်းယောင်းသည် ကျောက်စိမ်းဖြင့်လုပ်ထားသောတူများကို ကောက်ကိုင်လိုက်ပြီး ဟက်ဟက်ပက်ပက် စားသောက်လိုက်သည်။

 
ဒါပေမယ့် သူမ ငတ်နေပေမယ့် ဒီတစ်ကြိမ်မှာတော့ လဲ့ယောင်းယောင်းက အရင်ကလို အစာငတ်နေတဲ့ သရဲတစ္ဆေလို မစားဖြစ်ခဲ့ပေ။ သူမသည် တုန်းဖန်းပိုင်ဆီမှာ ကောင်းမွန်တဲ့အမြင်ကို ချန်ထားခဲ့ချင်ပေသည်။ သူမ အမှန်တကယ် မိန်းမတစ်ယောက်လိုဖြစ်ရန် ကြိုးစားခဲ့သည်။

 
သူမထမင်းစားနေစဉ်တွင် လဲ့ယောင်းယောင်း၏ မျက်လုံးများက တုန်းဖန်းပိုင်ကို တစ်ချိန်တည်းတွင် ကြည့်ရှုနေသည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးTempat cerita menjadi hidup. Temukan sekarang