အပိုင်း ၁၈၉၊၁၉၀

415 30 3
                                    

Uni

အပိုင်း ၁၈၉ - ဝန်ခံခြင်း။

“ဟင်..!!” 
 

ရုတ်တရက် ငရဲမင်းက သူမနောက်မှာ ရပ်နေတာတွေ့လိုက်ရသည်။ သူတို့က အလွန်နီးကပ်နေသဖြင့် သူမကို အမ်ဘာဂရစ်ရနံ့ဖြင့် ဝန်းရံထားသည်။

လန်ဂျင်းယွိသည် မကောင်းဆိုးဝါးဝံပုလွေကြီးကဲ့သို့ သူမထံ ချဉ်းကပ်လာသည်။ ယှဉ်ကြည့်လျှင် သူမက အပြစ်ကင်းစင်သော ယုန်လေးတစ်ကောင်ဖြစ်သည်။ သူမရဲ့ဗီဇက သူမကို တတ်နိုင်သမျှ လွတ်အောင် ပြေးရမယ်လို့ ပြောခဲ့သည်။

ဒါပေမယ့် လဲ့ယောင်းယောင်း မလှုပ်ရှားမီတွင် လန်ဂျင်းယွိက သူမ၏ခါးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ သူမ၏ လှုပ်ရှားမှုအားလုံးကို ရပ်တန့်လိုက်သည်။

လဲ့ယောင်းယောင်းသည် ကောင်းကင်ကြီး လှည့်ပတ်သွားသည်ကို ခံစားလိုက်ရပြီး ဖြစ်ပျက်နေသည်များကို သူမ မသိလိုက်မီတွင် သူမ၏ နှုတ်ခမ်းများကို လန်ဂျင်းယွိမှ တင်းတင်းကြပ်ကြပ် သိမ်းပိုက်လိုက်ပြီ ဖြစ်သည်။

 
လဲ့ယောင်းယောင်းသည် သူမ၏ ပုလဲလိုဖြူတဲ့ သွားများကို ဖွဖွဖွင့်ရန် အခွင့်အရေးကို ဆုပ်ကိုင်ရင်း စိုစွတ်နေသော လျှာကို ခံစားလိုက်ရသည်။ ထို့နောက်တွင်တော့ ငရဲမင်းသည် နေ့ခင်းကြောင်တောင်ကြီးအောက်တွင် သူမကို နမ်းနေမှန်း နောက်ဆုံးတွင် သူမ သိလိုက်ရသည်။

 
ဘုရားရေ! သူဘာဖြစ်နေတာလဲ!

 
ဒါကိုတွေးရင်း လဲ့ယောင်းယောင်း ရူးပြီး ရှက်သွား၏။ သူမသည် ငရဲမင်း၏ရင်ဘတ်ကို လက်သီးနှစ်ဖက်ဖြင့် ထုတော့သည်။

 
ဒါပေမယ့် လန်ဂျင်းယွိသည် တစ်ဘဝလုံး ကိုယ်ခံပညာကို လေ့ကျင့်ခဲ့သူဖြစ်သည်။ သူ့ရင်ဘတ်က တောင့်တင်းပြီး ကျယ်ဝန်းသည်။ လဲ့ယောင်းယောင်းရဲ့ လက်သီးတွေက သူ့အတွက်တော့ ကြောင်ကုတ်နေသလိုပဲ။

သူ့နှုတ်ခမ်းတွေကို ဖြေလျော့ပေးမယ့်အစား လန်ဂျင်းယွိက အနမ်းကို အရှိန်ပြင်းပြင်းနဲ့ စတင်လိုက်သည်။

သူ့ရဲ့သင်းပျံ့တဲ့ ရနံ့ က သူမရဲ့လျှာနဲ့ အဆက်မပြတ် ရောထွေးနေသည်။ သူက သူမရဲ့ နှုတ်ခမ်းကို အရမ်းရင်းနှီးတဲ့ပုံစံနဲ့ စုပ်ယူနေသည်။ အကိုင်းအခက်ထဲက နှင်းအားလုံးကို စုပ်ယူဖို့ ကြိုးစားရင်း ရေငတ်သေတော့မယ့်ပုံစံလိုမျိုးပဲ။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now