အပိုင်း ၆(Uni)

1.8K 151 0
                                    


နင်ငါ့ကို သေအောင် ညှစ်သတ်နေတာပဲ!

ရိုးရိုးသားသားပြောရရင်ဘယ်လိုမှော်ပညာတွေကို “သူ” လေးပိုင်ဆိုင်ထားတာလဲ? ငါဘာလို့ဒီလိုကြီး ခံစားနေရတာတုန်း?

လန်ဂျင်းယွိ သူ့ကိုယ်သူ မေးခွန်းထုတ်နေတုန်း လင်းယောင်းယောင်းမှာတော့ ဖိညှစ်ခံနေရလို့ သေပြီလို့တောင်ထင်နေမိတယ်။


သူမရဲ့နူးညံ့တဲ့မျက်နှာလေးဟာ အခုတော့ ဂန္ဓမာပန်းကိုခြွေချထားသလိုဖြစ်နေပြီ။လန်ဂျင်းယွိ ဖယ်ပေးဖို့ ဆန္ဒမရှိသေးဘဲ သူမကို လာစိုက်ကြည့်နေတော့......လဲ့ယောင်းယောင်းဟာ  နောက်ဆုံးမှာတော့ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။

"သေစမ်း !  ထတော့ နင်ငါ့ကိုသေအောင်ဖိညှစ်သတ်နေတာပဲ!"

"ဘာ....?!"

လဲ့ယောင်းယောင်း သူ့ကိုဒေါသတကြီးအော်ဟစ်နေသံကြားတော့ လန်ဂျင်းယွိရဲ့ မျက်လုံးတွေက ကျဉ်းမြောင်းသွားတယ်။  ​ဒေါသ​ရိပ်တွေ မျက်လုံးကိုဖြတ်ပြီး တလတ်လတ်ထနေတယ်... ​

ဒီလိုပုံစံနဲ့ သူ့ကို ဘယ်သူမှ မပြောရဲကြဘူး။ ဒီမိန်းမစိုးလေးက ဘယ်လိုတောင် အရိုအသေတန်နေရတာလဲ?

ဒါပေမဲ့ လဲ့ယောင်းယောင်းအဖို့ကတော့ သူမဟာ ကျားအမြီးကိုမှတက်နင်းထားမိနေမှန်းကို မသိသေးဘူး။ လက်ရှိအချိန်မှာတော့ သူမဟာ စိတ်ပျက်စရာတွေ ကြုံနေရပါတယ်။


မင်းသားယွေ့က  ဘယ်လောက်ထိ ကြောက်စရာကောင်းသည်ကို သိနေသော်လည်း သူမက စိတ်သဘောထားကို ပြသပိုင်ခွင့်ရှိသေးသည်။

ပုံမှန်အားဖြင့် သူမက အလွန်ဂရုမစိုက်ဘဲ ပြုမူတတ်သော်လည်း ရန်စခံလိုက်ရတဲ့အခါမှာတော့ အခြေအနေတွေကတင်းမာကုန်တယ်။


သူမက အိမ်မှာဆို မာနကြီးတဲ့ မင်းသမီးတစ်ယောက်ပဲ သူမနဲ့ပြဿနာဖြစ်တဲ့ သူမရဲပြိုင်ဘက်က ဘယ်သူလဲဆိုတာကို ထည့်စဥ်းစားနေစရာကိုမလိုဘူး။ အကယ်၍ ဒင်းက ဧကရာဇ်​ဖြစ်​​နေ​ရင်တောင် သူမ ခံပြောနေဦးမှာပဲ။ 

“နင်ထမှာလား မထဘူးလား....ဘာလုပ်မှာလဲ?   ငါဖိညှစ်ခံနေရတာကိုပျော်နေတယ်လို့များထင်နေတာလား? နင်တစ်ယောက်ယောက်ကို  ဖိချင်တယ်ဆိုရင်လည်း တခြားယောကျ်ားတစ်ယောက်ကို သွားရှာလိုက်။ ငါက မိန်းမစိုး.....မိန်းမစိုးဟဲ့...နင်နားလည်ရဲ့လား!!?!”

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now