အပိုင်း ၁၇၁၊၁၇၂

382 34 1
                                    

Uni

အပိုင်း ၁၇၁ - ကျွန်တော့်ကို သင်ပေးနိုင်မလား။

လဲ့ယောင်းယောင်း အသံက အနည်းငယ် ရှော့ခ်ရနေသလိုပင်။ ကုချင်ကို သူမ သတိပြုမိသည်နှင့် တချိန်လုံး သူမမျက်လုံးများက ၎င်းကို ကြည့်နေခဲ့သည်။ အဲ့တာကို ပန်းပွင့်တွေ အစုလိုက်အပြုံလိုက်ရဲ့ ရှေ့မှာ ချထားသည်။  

အရင်တုန်းကတော့ သူမ အဲ့တာကို မမြင်ဖူးဘူး။ ဖြစ်နိုင်ခြေအရှိဆုံးကတော့ ၎င်းကိုယနေ့ ဤနေရာတွင်ထားရှိခဲ့သည်။

 
တုန်းဖန်းပိုင်သည် လဲ့ယောင်းယောင်း၏ မျက်လုံးများနောက် လိုက်ကာ သူ့တူရိယာကို စိုက်ကြည့်နေမိသည်။

 
ကုချင်သည် သူ့ဘေးမှ ဘယ်သောအခါမှ မထားခဲ့နိုင်သော လက်နက်တစ်ခုဖြစ်သည်။ ဒါပေမယ့် အရင်တုန်းကတော့ အပြင်ကို သူ တစ်ခါမှ မယူဖူးဘူး။ ဒါပေမယ့် ဒီနေ့ ရာသီဥတုက အရမ်းသာယာတာကြောင့် တီးဖို့ ရုတ်တရက် စိတ်လှုပ်ရှားနေခဲ့သည်။ ဒါနဲ့ သူထုတ်ခဲ့တာဖြစ်သည်။

သို့သော်လည်း သူ မတီးရသေးပေ။ ဒီတော့ သူက ပြုံးပြီး ကျိုးနွံစွာ ပြန်ဖြေလိုက်သည်။ “နည်းနည်းပါးပါး” 

"ဟားဟား…"

 
တုန်းဖန်းပိုင်က နှိမ့်နေချကြောင်းကို လဲ့ယောင်းယောင်း သိသည်။ ထို့ကြောင့် သူမ၏မျက်လုံးဆီသို့ မျှော်လင့်ချက်များ ပျံ့လွင့်လာကာ ချက်ချင်းပင် သူမမျက်နှာလေးကို မော့လိုက်သည်။ "အစ်ကို ပိုင်၊ ကျွန်တော့် အတွက် တီးပေးနိုင်မလား" လို့ တောင်းဆိုလိုက်သည်။

 "ဘာလို့ မတီးပြရမှာလဲ "

ထို့ကြောင့် တုန်းဖန်းပိုင်သည် သူ့ထိုင်ခုံမှ မတ်တပ်ထရပ်ပြီး ပန်းများဆီသို့ ခြေလှမ်းမှန်မှန် လှမ်းလိုက်သည်။

 
ကုချင်ကို ပန်းပွင့် အစုအဝေးတွေရှေ့က ကျောက်စားပွဲပေါ်မှာ တင်ထားသည်။ ကျောက်စားပွဲ ပတ်လည်တွင် အောင်မဲညိုပန်း များစွာ ဝိုင်းရံထားသည်။

အောင်မဲညို ကဘာနဲ့တူလဲ!

အောင်မဲညိုက ဆေးဖက်ဝင်ပစ္စည်းဖြစ်ပြီး တုန်းဖန်းပိုင်က ခြံ အပြည့်စိုက်ထားသည်။ ဘယ်သူကမှ အဲဒါကို လက်ဆော့ခွင့် မရှိဘူး။
အောင်မဲညို၏ ပုံသဏ္ဍာန်သည် ရိုးရှင်းသော်လည်း ၎င်း၏ တောက်ပသော အရောင်သည် ၎င်းတို့၏ ခွန်အားဖြစ်သည်။ သူတို့သည် လေထုတစ်ခုလုံးကို စွဲမက်ဖွယ်ကောင်းအောင် ဖန်တီးထားကြသည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now