အပိုင်း၁၀(Uni)(Zawgyi)

1.7K 137 0
                                    

ငရဲမင်း၏အမျက်ဒေါသ

သူ့ဆီမှ အရိုင်းဆန်တဲ့အနံ့ခပ်စူးစူးရနေတယ်။ သူ့ရဲ့အနံ့က ငါးကြီးအန်ဖတ်အနံ့နဲ့တောင်တူတယ်

လဲ့ယောင်းယောင်းက နှာခေါင်းတစ်ချက်ရှုံ့လိုက်တယ်။ အဲဒီအနံ့က သူမရဲ့ခံစားချက်တွေကို မြင့်တတ်စေပြီး သူမရဲ့နှလုံးကိုအခုန်မြန်လာစေသည်။

သူမက ဒီလူဖက်တာခံနေရတုန်းပဲ ။  သူမက ဆယ့်ရှစ်နှစ်ထိနေထိုင်လာခဲ့ပြီးပေမယ့် သူမက မည်သည့်ယောက်ျားနှင့်မျှ နီးကပ်စွာ ထိတွေ့ဆက်ဆံခြင်းမျိုး တစ်ခါမှ မကြုံဖူးပေ။  ဒီလူရဲ့ ရင်ခွင်မှာ ရစ်ပတ်ခံထားတာက သူမရင်ထဲမှာ သိပ်မရင်းနှီးတဲ့ ခံစားချက်တစ်ခုကို ထွက်ပေါ်လာစေတယ်

ဒီယောက်ျားက သူမကို အပိုင်းပိုင်းခွဲဖို့ စဥ်းစားနေတာ မဟုတ်ဘူးလား?  သူမကိုကယ်တင်ဖို့ သူဘာလို့ရွေးချယ်ခဲ့တာလဲ?

နားလည်ရခက်တဲ့လူပဲ...

လဲ့ယောင်းယောင်းက သူမဘာသာ တွေးနေရင်းနဲ့ သတ်ဖြတ်ချင်စိတ်အပြည့်နဲ့ အသံက သူမနားထဲ တိုးဝင်လာတယ်။

"လန်ဂျင်းယွိ ! ဒီနေ့ ငါ့ညီအကို ၁၈၀ အစား လက်စားချေပစ်မယ်။  မင်းက လူသတ်သမား!"

အဖွဲ့ ရဲ့ခေါင်းဆောင်က ကောင်းကင်ထိ ဟိန်းဟောက်ခဲ့တယ် ။   သူ့မျက်လုံးတွေက သေစေနိုင်လောက်တဲ့အကြည့်တွေ ပစ်လွှတ်နေတယ်။  သူ့လက်ထဲက လေးကို အစွန်းနှစ်ဖက်ပါတဲ့ ဓားနဲ့ အစားထိုးထားပြီး၊ အဲဒီဓားက လန်ဂျင်းယွိဆီ  တိုက်ရိုက် ညွှန်ပြနေတယ်။

သူ့ကြည့်ရတာ ရူးသွပ်မှုကြောင့် ဘာမှမမြင်တော့သလိုပဲ  ရောက်နေသလိုပဲ။ အဲ့ဒါက အလွန်အမင်း အာရုံပျက်စေခဲ့တယ်။

လန်ဂျင်းယွိက လုပ်ကြံသူတွေကို ရွံရှာစွာဖြင့် ကြည့်ရင်း အေးစက်စွာ ညည်းတွားလိုက်သည်။  "ဟမ့် !? မင်း လက်စားချေချင်တာလား?  မင်းအစွမ်းအစကိုအခြေခံပြီးတော့လား !?”

လန်ဂျင်းယွိ အသံက အရင်နဲ့မတူပဲ တစ်မူထူးခြားစွာလေးနက်နေပြီး ညှို့ငင်နိုင်စွမ်းအပြည့်ရှိနေတယ်။ ကြားရတဲ့လူတိုင် စိတ်တွေ ပျက်စီးကုန်လိမ့်မယ် (tl: lol ok အဲဒီမှာ..)

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now