အပိုင်း ၁၁(Uni)(Zawgyi)

1.6K 142 2
                                    

Uni

မစိုးရိမ်နဲ့နော် ၊ ငါဒီမှာရှိတယ်

အရင်က ဘာတွေဖြစ်ခဲ့လဲဆိုတာ သူမ မသိရိုးအမှန်ပါ။သူမသိနေတာတစ်ခုက သူမရဲ့ယခုလက်ရှိအခြေအနေက သံသယဝင်စရာမလိုတော့လောက်အောင် ဘာမဆိုဖြစ်ပျက်သွားနိုင်တယ်ဆိုတာပဲ။

တကယ်လို့သူတို့တိုက်ခိုက်လာပြီဆိုရင်တော့  သူမဂြိုလ်ဆိုးဝင်ပြီပေါ့။ သူမဆိုသည်မှာလဲ ကြက်ကလေးသတ်ဖို့တောင် ခွန်အားရှိတာမဟုတ်ဘူး။ဒါကြောင့် သူမရဲ့လေ့လာချက်အရဆိုရင်  သူမမကြာခင်မှာ သေတော့မယ်။

သို့တိုင် သူမဘေးကလူကတော့ သူခုနကပြောတဲ့စကားတွေနဲ့အတူ စကားကြောင့် အရမ်းကိုတက်ကြွသန်မာနေတယ်။

သူကဘယ်လောက်အန္တရာယ်ရှိမှန်း သူမ သိပေမယ့် တရုတ်စကားပုံတစ်ခုရှိတယ်။ "လက်သီးနှစ်လုံးရှိလည်း လေးလက်ဖက်နဲ့မယှဉ်နိုင်ဘူး"ဆိုတာလေ။

တစ်ဒါဇင်တောင်ကျော်ဦးမယ့် လူအုပ်ကြီးကို သူမတို့နှစ်ယောက်တည်း ရင်ဆိုင်ရမယ်... ပြီးတော့ ဒင်းတို့မှာလည်း ချွန်ထက်တဲ့လက်နက်ကိုယ်စီနဲ့....

အွန်း၊ ဟုတ်ပြီ သူမ မကြာခင် အပိုင်းပိုင်း ဖြတ်ခံရတော့မှာ သေချာတယ်။

လဲ့ယောင်းယောင်းဟာ ပေါက်ကရပေါင်းသောင်းခြောက်ထောင်ကို ခေါင်းထဲမှာတွေးရင်း သူမကိုယ်သူမ ရှစ်ပိုင်း ပိုင်းသွားမယ့်ပုံစံကိုပဲ ပုံဖော်နေလိုက်သည်။ အခုတော့ မရတော့ဘူး သူမ ထိန်းမရအောင်ကြောက်လန့်နေပြီလေ။သူမ ကြောက်လန့်သွားတာနဲ့  ရက်စက်လှလေရဲ့ ဘယ်ဆီဘယ်ဝယ်မှန်းမသိ ခေါင်ဆောင်သွားခြင်းခံရတော့မယ့် ကြွေလုဆဲဆဲသစ်ရွက်ဝါလေးတစ်ရွက်လို ခံစားနေရသည်။


လန်ဂျင်းယွိလည်း လဲ့ယောင်းယောင်းရဲ့ အကြောက်တရားကို ခံစားမိပုံပေါ်သည်။ ဒါကြောင့် သူ့ရဲ့မျက်လုံးတွေဟာ အရောင်လဲ့လာပြီး ဘာမှများများစားစား မစဥ်းစားတော့ဘဲ ပြောချလိုက်သည်။

“မစိုးရိမ်နဲ့နော်.....ငါဒီမှာရှိတယ်! ”

သူ့အသံက အေးစက်နေသေးပေမယ့် သူ့ရဲ့အသံအနေအထားအရကတော့ သူအကောင်းပြောနေတယ်လို့ ပြောလို့ရတယ်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးTempat cerita menjadi hidup. Temukan sekarang