အပိုင်း ၁၈၇၊၁၈၈

229 17 1
                                    

Uni

ကိုယ်ဝန်နဲ့ မိန်းမစိုးလေး

အပိုင်း ၁၈၇ - ကျယ်ပြန့်တဲ့ သမုဒ္ဒရာထဲက ရေတစ်ဇွန်းကို ရွေးမယ်။


 “ဒီကလေးက ကျယ်ပြန့်တဲ့ သမုဒ္ဒရာထဲက ရေတစ်ဇွန်းကို ရွေးလိမ့်မယ်။ ဒီကလေးမှာ သူကြိုက်တဲ့လူရှိတယ်ဆိုရင် သူ့သဘာဝအတိုင်း လက်ထပ်လိမ့်မယ် ”

 
လန်ဂျင်းယွိသည် အလွန်ယုံကြည်ချက်ရှိပုံရသော်လည်း သူ့စကားများက အတော်လေး ရှုပ်ထွေးနေသည်။ ပရိသတ်က သူ့မှာ တစုံတစ်ယောက်ရှိ၊ မရှိကို မပြောနိုင်ဘူး။

 
ဧကရီရှီးချီသည် ဤတုံ့ပြန်မှုကို မကျေမနပ်ဖြစ်နေသော်လည်း သူမ လုပ်နိုင်သောအရာမရှိပေ။

ထိုအချိန်တွင် နျန်စုလန်၏ မျက်နှာက ဖျော့တော့သွားသည်။ စိတ်ပျက်မှုတွေကို သူမမျက်လုံးထဲမှာ မြင်နေရသည်။

လန်ဂျင်းယွိ တစ်ယောက်ယောက်ကို သဘောကျတယ်ဆိုရင်တောင် အဲဒီလူက သူမ မဟုတ်တာ ရှင်းသည်။ မဟုတ်ရင် သူက ဧကရီရှီးချီနောက် လိုက်လိမ့်မည်။ သူ ငြင်းခဲ့သည်။ တကယ်ပဲ တစ်ဖက်သတ်အချစ်က သူမဆီမှာပဲရှိတာလား။

 
သူ တစ်စုံတစ်ယောက်ကို သဘောကျနေပြီလား မကျသေးဘူးလား။
 

ကျယ်ပြန့်တဲ့ သမုဒ္ဒရာထဲက ရေတစ်ဇွန်းကို ရွေးမယ်တဲ့…

—–

ဧကရီရှီးချီ သူမလိုချင်တာကို မရနိုင်ခဲ့ဘူး။ သူမ အဆာပြေနည်းနည်းစားပြီး တစ်ညလုံး အနားယူချင်ခဲ့သည်။

 
တကယ်တော့ အသက်ကြီးသူတွေဟာ လူငယ်တွေနဲ့ ယှဉ်ရင် စွမ်းအင်နည်းပါးသည်။ ဧကရီရှီးချီ သီလရှိသော ဇနီးမယားကဲ့သို့ ပြုမူနေတာကိုမြင်တော့ ဧကရာဇ်ကလည်း ဧကရီနှင့်အတူ ထွက်သွားခဲ့၏။ ဧကရာဇ်မင်းသည်လည်း နန်းတော်သို့ပြန်ရန် ဆုံးဖြတ်ခဲ့သည်။

ဒီတော့ နန်းတော် အစောင့်များသည် ဧကရီရှီးချီ၊ ဧကရာဇ်နှင့် ဧကရီတို့နှင့်အတူ ထွက်ခွာသွားခဲ့သည်။

ခုတော့ သူဌေးကြီးတွေ မရှိတော့တဲ့အတွက် ရာသီဥတုက အရင်ကထက် ပိုပြီး ပေါ့ပေါ့ပါးပါးပဲ။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now