အပိုင်း၃(Uni)

2K 185 0
                                    


အပိုင်း ၃: ငါလွတ်မြောက်နိုင်သေးလား?


လဲ့ယောင်းယောင်းဟာ အရသာရှိလှတဲ့ ကြက်ပေါင်ကြီးကို ကိုင်ထားရင်း သူမရဲ့ နှလုံးသားဟာ တဒုန်းဒုန်းနဲ့ခုန်ပေါက်နေပါတော့တယ်။  သူမရဲ့ခြေထောက်နှစ်ဖက်လုံးကလဲ တဆက်ဆက်နဲ့ တုန်ရီနေသည်။


သူမ ဘယ်လိုမှမတတ်နိုင်ခဲ့ဘူး။ သူမအခုထိ ဒဏ္ဍာရီလာမင်းသား ယွေ့ ကိုတောင် မမြင်ဖူးသေးဘူး ဒါပေမဲ့ သူ့ရဲ့အတိတ်ကအောင်မြင်မှုတွေကတော့ သမိုင်းတွင်နေတယ်။သူမ ဘယ်လိုလုပ်ပြီး မကြောက်ဘဲနေနိုင်မှာလဲ?


ငါ လွတ်မြောက်နိုင်ပါ့မလားလို့ တွေးမိတယ်။


ဒါကိုတွေးပြီး လဲ့ယောင်းယောင်း ရဲ့ စူးရှထက်မြတ်တဲ့မျက်လုံးတွေဟာ နေရာတိုင်းကို လှည့်ပတ်ကြည့်လိုက်ပါတော့တယ်။ သူမထွက်ပြေးဖို့ လမ်းစကိုကြိုးစားပမ်းစားရှာနေပါတယ်။

စိတ်မကောင်းစွာနဲ့ပဲ မိန်းမစိုးခေါင်းဆောင်ဟာ သူမ၏ အစီအစဉ်ဖြင့် ချက်ချင်း မြင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့တည်ငြိမ်တဲ့မျက်နှာက လေးနက်တဲ့အသွင်ဆောင်နေပြီး  လဲ့ယောင်းယောင်းကို အပြင်းအထန်သတိပေးခဲ့ပါတယ်။ " ရှောင်ယောင်းဇီ ၊ အဲဒါကို စဉ်းတောင်မစဥ်းစားနဲ့နော် ။  မင်းလွတ်မြောက်နိုင်မှာမဟုတ်ဘူး။ဒီတစ်လတော့ မင်း အကောင်းဆုံးလုပ်ပြီး မင်းသားယွေ့ကို အကောင်းဆုံးခစားပါ !”


မိန်းမစိုးခေါင်းဆောင်က ဘယ်လိုလူကြီးလဲ?

သူက မင်းသား ယွေ့ ကို ခစားလာတာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ သတင်းရင်းမြစ်တွေအရဆိုရင် သူက မင်းသား ကြီးကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့ရတယ်တဲ့။ ရလဒ်အနေနဲ့ အိမ်တော်မှာ မင်းသားကြီးပြီးရင် သူ့ရဲ့အဆင့်အတန်းက အမြင့်ဆုံးပဲ။

ထပ်လောင်ပြေရရင်တော့ မိန်းမစိုးခေါင်းဆောင်ဖြစ်လာရန်အလို့ငှာ သူ့မှာ အံ့အားသင့်စရာစွမ်းရည်တွေ ရှိကိုရှိရမယ်။အကယ်၍ သူကလဲ့ယောင်းယောင်းရဲ့ အကြံအစည်တွေကိုသာ ထိုးထွင်းမမြင်နိုင်ခဲ့ဘူးဆိုရင် အမှန်တကယ်အရည်အချင်းရှိတဲ့သူ မဟုတ်လို့ပဲ။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now