အပိုင်း ၁၇၇၊၁၇၈

270 25 0
                                    

Uni
အပိုင်း ၁၇၇ - စကားထာ

လဲ့ယောင်းယောင်း၏ နှုတ်ခမ်းထောင့်က အထက်သို့ ကွေးတက်သွားသည်။ သူမ မျက်လုံးများက လန်ဂျင်းယွိကို စိုက်ကြည့်နေသည်။
 
သို့သော်လည်း လန်ဂျင်းယွိသည် ပုံမှန်အတိုင်း တိတ်ဆိတ်နေခဲ့သည်။ ထို့အပြင် သူက မလှုပ်မယှက် ဖြစ်နေသည်။ အခြားသူများက သူ့ကိုအာရုံမထားမိရင် သူသည် ထွင်းထုထားသည့် ပန်းပုရုပ်တစ်ရုပ်ဟု ယူဆနိုင်သည်။

 
လန်ဂျင်းယွိသည် လဲ့ယောင်းယောင်း၏ မျက်လုံးများကို သတိပြုမိပြီး အေးစက်နေသော မျက်ဝန်းများကို ပင့်လိုက်သည်။ အခုလည်း တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းဆုံနေကြပြီ။

 
ဒါကို လဲ့ယောင်းယောင်း သတိပြုမိလိုက်တာနဲ့ သူမရဲ့ နှလုံးသားက အရှိန်ပြင်းပြင်းနဲ့ မျက်နှာချင်းဆိုင်သွားပါတော့သည်။

ငရဲမင်းက ဘာကြောင့် သူမကို ဒီလောက် အကဲခတ်ကြည့်နေတာလဲ။

 
ဒါပေမယ့် လဲ့ယောင်းယောင်း အကြည့်လွှဲလိုက်ပြီး နန်ကုန်းကျင်းရှီကို ကြည့်လိုက်သည်။ "ဒါဆို အဖြေရှာတွေ့ပြီလား။ မဟုတ်ရင် ကျွန်တော် အဖြေဖော်ထုတ်တော့မယ်!”

 "ဟမ့်! အဖြေမရှာနိုင်ဘူးလို့ ဘယ်သူပြောလဲ။ ဒါက ရိုးရှင်းတဲ့မေးခွန်းလေးပဲ။ ဒီမင်းသားက ငတုံးမဟုတ်ဘူး!”

 "အဲ့တာက ဝက်ဖြစ်ရမယ်!" လို့ နန်ကုန်းကျင်းရှီ ဆက်ပြောလိုက်သည်။

နန်ကုန်းကျင်းရှီ အသံထဲက သေချာမှုကိုကြားတော့ လဲ့ယောင်းယောင်းက ပြုံးပြီး အေးစက်စွာပြောလိုက်သည်။ "မြည်းလို့ကောမထင်ဘူးလား "

"မင်း အစေခံစုတ်! မင်းက စကားလုံးတွေနဲ့ ကစားနေတာ မဟုတ်ဘူးလား"

တုန်းဖန်းပိုင်သည် လဲ့ယောင်းယောင်းကို ခေါင်းခါပြကာ 'မင်းက အရမ်းမိုက်တာပဲ!'
လန်ဂျင်းယွိပင်လျှင် လဲ့ယောင်းယောင်းက နန်ကုန်းကျင်းရှီအား အရူးလုပ်ပုံကို မပြုံးဘဲမနေနိုင်ခဲ့ပေ။ အခုဆို သူ့မျက်နှာမှာ အပြုံးလေးတစ်ခု ပေါ်လာသည်။ သူ့ပါးစပ်ထောင့်က ပိစိကွေးလေး ကော့တက်သွားသည်

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now