အပိုင်း ၁၅၇ ၊၁၅၈

397 41 2
                                    

Uni

အပိုင်း ၁၅၇ - အရမ်းမိုက်တဲ့ကချေသည်

နန်ကုန်းကျင်းရှီ၏ စိတ်တိုနေတဲ့ မျက်နှာကို မြင်လိုက်ရတော့ လဲ့ယောင်းယောင်း အပြုံးက နက်ရှိုင်းလာသည်။

ထို့နောက် သူမသည် နန်ကုန်းကျင်းရှီ ထံသို့ လျှောက်လာပြီး " မင်းသား ၇၊ ဒီနေ့ ဧကရီရှီးချီက ဒီအစေခံရဲ့ပြဇာတ်တွေကို အရမ်းသဘောကျတယ်တဲ့"လို့ ကြွားလုံးထုတ်လိုက်သည်။

 အရင်ကတည်းက လဲ့ယောင်းယောင်းက သူတို့ရဲ့ အလောင်းအစားအကြောင်း အရိပ်အမြွက်ပြောဖို့ ကြိုးစားနေတာကို နန်ကုန်းကျင်းရှီက သိထားတော့ သူ့မျက်နှာက ရှုံ့မဲ့သွားပြီး လက်ကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။ “ငါသိတယ်။ အဲဒါ ငွေတုံးတစ်ရာနော် ဟုတ်တယ်မလား။ မင်းက လောဘကြီးတဲ့ အစေခံလေးပဲ။ ဧကရာဇ်နဲ့ ဧကရီရှီးချီက မင်းကို အများကြီး ဆုချပြီးပြီ၊ ဒါတောင် မင်းက ဒီပမာဏလေးကို လိုချင်နေတုန်းပဲနော် "

“ငွေတုံးတစ်ရာက မင်းသား၇ အတွက်တော့ နည်းနည်းလေးပါပဲ။ ဒါပေမယ် အစေခံ အတွက်ကျတော့ ဒါက ကောင်းကင်ဘုံလောက်ရှိတဲ့ငွေကြေးပဲ။ ဒီအစေခံက အိမ်တော်က ထွက်သွားဖို့အတွက်ဆိုရင် ဒီငွေတွေလိုအပ်လိမ့်မယ်”

 
လဲ့ယောင်းယောင်းသည် အမြဲတမ်း မစဥ်းစားဘဲ လွှတ်ခနဲပြောတတ်တဲ့ လူမျိုးဖြစ်သည်။ သူမ ပြောလိုက်တဲ့စကားတိုင်းက စိတ်ထဲမှာရှိတဲ့ဟာပဲ။

မထင်မှတ်ပဲ သူမ ထိုစကားကိုပြောပြီးသည့်အခိုက်တွင် နန်ကုန်းကျင်းရှီက အလွန်အံ့အားသင့်သွားပြီး ငရဲမင်း၏ အပြုံးက ချက်ချင်းတည်သွားခဲ့သည်။

အခုတော့ လန်ဂျင်းယွိက သူမကို စိုက်ကြည့်နေပြန်သည်။

 
ဟူး။ သူမစိတ်ထဲရှိတာကို အမြဲမပြောသင့်ဘူး။ ဒါ​ပေမယ့်​ ဒါ သူမအပြစ်​မဟုတ်​ဘူး! လက်ရှိအခြေအနေတွေအရ အိမ်တော်ကနေ ထွက်သွားတာက ပိုလုံခြုံသည်။ မည်သူမဆို သူမက အမျိုးသမီးဖြစ်ကြောင်း တွေ့ရှိသွားပါက သူမအား ပြင်းပြင်းထန်ထန် အပြစ်ပေးကာ သတ်ပစ်လိမ့်မည်!

 
ထို့ကြောင့် နေအိမ်မှ ထွက်ခွာခြင်းသည် ကိစ္စတစ်ခုသာဖြစ်သည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now