အပိုင်း ၁၆၉၊၁၇၀

406 34 1
                                    

Uni

အပိုင်း ၁၆၉ - မင်းက မိန်းမ ဟုတ်၊ မဟုတ် ငါသိလားဆိုတာ မင်း သိချင်နေတာမလား
 

နေ့လယ်၌။ ငရဲမင်းသည် နန်းတော်က မိန်းမစိုးတစ်ဦးထံမှ ဧကရီရှီးချီကို လာတွေ့ဖို့ တောင်းဆိုခြင်းခံခဲ့ရသည်။ သူဘယ်အချိန်ပြန်လာမယ်ဆိုတာ ဘယ်သူမှမသိဘူး။

 
ငရဲမင်း ထွက်သွားကတည်းက လဲ့ယောင်းယောင်း သည် အချိန်မဖြုန်းဘဲ နန်ကုန်းကျင်းရှီကို ရှာရန် ဦးတည်ခဲ့သည်။ မနေ့ညက ဖြစ်ပျက်ခဲ့တာကိုသူမ အတိအကျ သိချင်သည်။ ဒါပေမယ့် သူမရောက်လာသောအခါတွင် နန်ကုန်းကျင်းရှီ အိပ်ပျော်နေသေးကြောင်း မိန်းမစိုးတစ်ယောက်က သူမကို အသိပေးခဲ့သည်။ သူ မနေ့ညကအိပ်နေတာ ခုထိ မနိုးသေးဘူး။

 
ထို့ကြောင့် လဲ့ယောင်းယောင်းသည် အပြင်ထွက်ခွင့် ဆွဲပြားကိုယူဖို့ မိန်းမစိုးခေါင်းဆောင်ထံသွားပြီး တုန်းဖန်းပိုင်ကိုရှာရန် ဆေးခန်းသို့ ပြေးသွားခဲ့သည်။

တုန်းဖန်းပိုင်၏ ဆေးပေးခန်းသည် မင်းသား ယွေ့၏ နေအိမ်နှင့် အတော်လေး နီးသည်။ လဲ့ယောင်းယောင်း လည်း ပြေးသွားသဖြင့် အချိန်မဆိုင်းဘဲ ရောက်လာသည်။

လက်ရှိအချိန်မှာတော့ ဆေးခန်းကို တရားဝင်မဖွင့်ရသေးတာကြောင့် လဲ့ယောင်းယောင်း ရောက်လာချိန်မှာ သန့်ရှင်းရေးလုပ်နေတဲ့ အစေခံ အနည်းငယ်သာ ရှိသည်။

 
လဲ့ယောင်းယောင်းသည် ဧရိယာတဝိုက်တွင် မျက်လုံးများဖြင့် စကင်န်ဖတ်လိုက်သော်လည်း ရင်းနှီးနေသော အဖြူရောင်ရုပ်ပုံကို မတွေ့ရပေ။ ဒါနဲ့ အစေခံ ​တစ်​​ယောက်​ဘက်​လှည့်​လိုက်​သည်​။

 "ရှောင်ထျန်၊ သမားတော် တုန်းဖန်း ဘယ်မှာလဲ"

 “အိုး! သမားတော် တုန်းဖန်းက အခုလောလောဆယ် အိမ်နောက်ဘက်က ခြံဝင်းမှာ ရှိတယ် ” လို့ ရှောင်ထျန် က ပြန်ပြောလိုက်သည်။

လဲ့ယောင်းယောင်းသည် ဤနေရာကို အကြိမ်ပေါင်းများစွာ ရောက်ဖူးသောကြောင့် ဆေးခန်းအတွင်းပိုင်းကို သူမ အလွန်ရင်းနှီးခဲ့သည်။ အဲ့တာက အထပ်နှစ်ထပ်ရှိသည်။ ပထမထပ်သည် ဖျားနေသော လူနာများကို သမားတော်နှင့်တွေ့ရန်ဖြစ်ပြီး တရုတ်ဆေးအတွက် ဆေးဖက်ဝင်ပစ္စည်းများ ဝယ်ယူရန်ဖြစ်သည် ဒုတိယထပ်ကို အခန်းများစွာခွဲထားသည်။ ဆိုးရွားသော အခြေအနေတွင် ရှိနေသော လူနာများအတွက် ပြောင်းရွှေ့ရန် သို့မဟုတ် ရွှေ့ရန် စိတ်ကူးမရှိသော သူများအတွက် ဖြစ်သည်။ ကုသမှုခံယူဖို့ ဒီမှာပဲနေကြမည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now