အပိုင်း ၁၇၉၊၁၈၀

416 27 1
                                    

Uni

အပိုင်း ၁၇၉ - ဒီကိစ္စကို ဖြေရှင်းပြီးပြီ။

 

လဲ့ယောင်းယောင်းက နျန်စုလန်၏ စူးစူးရဲရဲအကြည့်ကို ခံစားနိုင်သည်။ သူမ ဘာကြောင့် ဒီလောက် ဒေါသထွက်နေတာလဲဆိုတာကို သူမ နားလည်နိုင်သည်။

ပြီးတော့ သူမက မိန်းမစိုးတစ်ဦးမျှသာဖြစ်သည်။ ဒီမြင့်မြတ်တဲ့သူတွေရဲ့ မျက်လုံးအောက်မှာ သူမက တစ်ပြားမှ မတန်ဘူး။

 
အနန္တတန်ခိုးရှင်၊ ရိုသေလေးစားဖွယ် ငရဲမင်းသည် သူမအား ကြင်နာစွာ သယ်ဆောင်နေသောကြောင့် သူမ ဘယ်လိုလုပ် အံ့အားမသင့်ဘဲနေနိုင်မှာလဲ။

 
သို့သော်လည်း နျန်စုလန်၏ ပြင်းထန်သောတုံ့ပြန်မှုသည် လဲ့ယောင်းယောင်းအား ပြင်းထန်သောဖိအားကို ခံစားရစေသည်။ သူမသည် မယားကြီး ဖြစ်သူ၏ ဖမ်းဆီးခြင်းကို ခံရသော အငယ်အနှောင်းတစ်ယောက်လို ခံစားလိုက်ရသည်။

 ဒါကိုတွေးရင်း လဲ့ယောင်းယောင်းက ခေါင်းမော့ပြီး ငရဲမင်းရဲ့ဖုံးကွယ်ထားတဲ့ မျက်နှာကို ကြည့်ဖို့မကူညီနိုင်တော့ဘူး။ သူမကစကားထစ်နေလေသည် “မ-မင်းသား ယွေ့ ၊ မိန်းကလေး န-နျန်….” 
 
 
 
နန်ကုန်းကျင်းရှီက ဒါကို မမျှော်လင့်ခဲ့တာ ရှင်းနေသည်။ နျန်စုလန်လည်း မယုံနိုင်သလို ဖြစ်သွားသည်။ ထိုတောင်းဆိုမှုအပြီးတွင် သူမသည် သူ့အမူအရာကင်းမဲ့သော မျက်နှာကို ကြည့်လိုက်သည်။
—–

လောလောဆယ်တော့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။ အနီးနားတွင် တစ်ယောက်ယောက် မောင်းထုတဲ့အသံကို သဲ့သဲ့လေး ကြားလိုက်ရသည်။ ခွေးဟောင်သံတွေကို ခဏခဏ ကြားနေရသည်။ ဒါတွေက အားလုံးပါပဲ။

ဘာကြောင့်လဲဆိုတော့ သူမက ငရဲမင်း၏လက်ထဲတွင် ရှိနေဆဲပင်။

 သူမ အခု လုံးဝ အဆင်ပြေနေပေမယ့် လန်ဂျင်းယွိ ကတော့ သူမကို အောက်မချပေးဘူး။
ငရဲမင်းက သူမကို ချီဖို့ စွဲလန်းနေတာများလား။ သူမက မလေးပေမယ့် ဒီလောက်အကွာအဝေးကို သယ်ပြီးရင် သူ ပင်ပန်းနေသင့်တယ် မဟုတ်လား။
 ဒါပေမယ့် လန်ဂျင်းယွိက ဘာမှမဖြသစ်လို ဟန်ဆောင်ထားသည်။  သူ၏ အေးစက်သော မျက်နှာသည် အခြားသူများ ဖတ်ဖို့ မဖြစ်နိုင်သေးပေ။ လဲ့ယောင်းယောင်း သည် စောစောက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်မစဥ်းစားပဲမနေနိုင်ခဲ့ပေ။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now