အပိုင်း ၁၄၅၊၁၄၆

654 49 5
                                    

Uni

အပိုင်း ၁၄၅ - ဖက်ထုပ်ပေါင်းများ

နန်ကုန်းကျင်းရှီက လဲ့ယောင်းယောင်း သူ့ကို ရန်စဖို့ ကြိုးစားနေကြောင်း ပြောနိုင်သည်။
ဒါပေမယ့် ဒီအချိန်မှာ လဲ့ယောင်းယောင်းဆီမှာ အောင်မြင်ဖို့ အစွမ်းအစရှိတယ်လို့ သူ ရိုးသားစွာ မယုံကြည်ခဲ့ပေ။

 
ဘာကြောင့်လဲဆိုတော့ ဧကရီရှီးချီသည် အလွန် ဇီဇာကြောင်သော အမျိုးသမီး ဖြစ်သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ် သူမမွေးနေ့က ဖျော်ဖြေမှုများကို မကျနပ်ခဲ့ချေ။

"ဒါဆို မင်း ရှုပ်အောင်လုပ်မိသွားရင် ဘယ်လိုလုပ်မလဲ"

 "အိုး၊ မင်းသား၇ကို လျှောက်တင်ပါတယ် ၊ဒီအစေခံပ ရှုပ်အောင်လုပ်မိသွားရင် အဲဒါက ကျွန်တော့် အပြစ် မဟုတ်ဘူး။ ပြီးတော့ မင်းသား၇ က ဒီတာဝန်ကို အစေခံဆီ တွန်းပို့နေတာလေ "

 
ရုတ်တရက်ဆိုသလိုပင်၊ လဲ့ယောင်းယောင်းသည် အပြစ်ကင်းစင်သော ခွေးကလေးကဲ့သို့ ပြုမူကာ တောက်ပနေသော မျက်ဝန်းများကို သနားစရာကောင်းသည့်ပုံစံဖြင့် မျက်တောင်ခတ်လိုက်လေသည်။

 "ဒီအစေခံလေးကတော့။ အိမ်​မက်​မက်​နေ​လိုက်။ အရာရာကကောင်းသွားရင်​ မင်းဆုလာဘ်​​တွေ ရမှာပေါ့၊ ဒါ​ပေမယ့် ဆိုးဆိုးရွားရွားဖြစ်​သွားရင်​ မင်းငါ့ကို အပြစ်​တင်​​ပုံချမှာမလား။"

"ဒါဆို ကျွန်​​တော်မျိုး ကူညီ​ပေးမှာမဟုတ်​ဘူး။ သနားစရာ​ကောင်းလိုက်တာ။ ကျွန်​​တော့်​မှာ လက်ဖျားခါရလောက်တဲ့ ​ အကြံတခုကို ​တွေးထား​မိတာ​။ မလိုအပ်တော့ဘူး ထင်ပါတယ်....... သနားစရာပဲ "

 
လဲ့ယောင်းယောင်း ရည်ရွယ်ချက်ရှိရှိနဲ့ သက်ပြင်းချလိုက်ပြီး အလွန်ဝမ်းနည်းချင်ယောင်ဆောင်လိုက်သည်။

 
လဲ့ယောင်းယောင်းဘယ်လိုမျိုး တမင်တကာသရုပ်ဆောင်နေလဲဆိုတာကို မြင်တော့ နန်ကုန်းကျင်းရှီ မအီမသာဖြစ်သွားသည်။

 "အိုး ညီလေး ယောင်း၊ မင်းမှာ လက်ဖျားခါရလောက်တဲ့ စိတ်ကူးတစ်ခုရှိတာလား" တုန်းဖန်းပိုင်၏ လေသံသည် အလွန်နွေးထွေးသည်။ စီးဆင်းနေသော ချောင်းရေနှင့် နှိုင်းယှဥ်လို့ရနိုင်သည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now