အပိုင်း ၁၄၇၊၁၄၈

605 48 2
                                    

Uni
အပိုင်း ၁၄၇ - နန်ကုန်းကျင်းရှီက သိချင်နေခဲ့တယ်။

လဲ့ယောင်းယောင်း နိုးလာချိန်၌ နေမင်းကြီးသည် နေဝင်နေပြီဖြစ်သည်။

နိုးလာပြီးနောက် လဲ့ယောင်းယောင်း အလွန်အားအင်တွေပြည့်သွားသလိုခံစားရသည်။ သူမ ခါးနှင့် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

"အင်း... ငါ ကောင်းကောင်း အိပ်ပျော်သွားတာပဲ"

"ညီလေး ယောင်း နိုးပြီလား"

 "ဟင်။ အစ်ကို ပိုင်။ ဒီမှာရှိသေးတာလား"

တုန်းဖန်းပိုင်သည် သူမဘေးတွင် လဲလျောင်းနေသည်။ သူတို့ကြားတွင် အကွာအဝေး တစ်လက်မမျှသာ ရှိတော့သည်။

 
လဲ့ယောင်းယောင်းသည် သူ့ဆီမှ ဆေးနံ့ကို အနံ့ခံနိုင်သည်။ အရမ်း သက်သာစေတဲ့ ရနံ့မျိုးပဲ။

လောလောဆယ် နေဝင်နေပြီး ကောင်းကင်က နီနေသည်။ ကောင်းကင်ကြီးသည် ရောင်စုံပိုးထည်တစ်ခုလို ဖြစ်နေသည်။

 "အကန့်အသတ်မရှိတဲ့ နေဝင်ချိန် အလှတရားက နေဝင်ရီတရောအချိန်မှာပဲရှိနိုင်တယ် "

ဒါကိုကြားတော့ လဲ့ယောင်းယောင်း မရှက်ရွံ့ဘဲမနေနိုင်ခဲ့ပေ။
ဘာကြောင့်လဲဆိုတော့ တုန်းဖန်းပိုင် နားလည်မှုလွဲနေမှန်း သူမ သိသောကြောင့်ဖြစ်သည်။ ဒီစာသားကို သူမ ဖန်တီးတာလို့ သူထင်လိုက်တာလေ။ ဒါပေမယ့် တကယ့်တကယ်မှာတော့ ဒါဟာ သမိုင်းထဲက ထင်ရှားတဲ့ စာသားတစ်ခုပဲ။ သူမ ရှင်းပြချင်သော်လည်း တုန်းဖန်းပိုင်က မြက်ခင်းပြင်မှ ထနေပြီဖြစ်သည်။

သူသည် သူ၏ ရှုံ့တွနေသော အဖြူရောင် ၀တ်ရုံကို သပ်ရပ်စွာ သပ်ချလိုက်သည်။ ထို့နောက် "ညီလေး ယောင်း၊ နောက်ကျနေပြီ၊ အစ်ကိုတို့ ပြန်ကြတာကောင်းမယ် ” လို့ ကြင်နာစွာ အကြံပြုခဲ့သည်။

"ဟင်။ အိုး ဟုတ်ကဲ့ "


လဲ့ယောင်းယောင်း သည် တုန်းဖန်းပိုင်၏မျက်နှာကို အကြိမ်များစွာမြင်ဖူးသော်လည်း သူ၏ရုပ်ရည်ကောင်းမွန်မှုကြောင့် သူမအမြဲတမ်း အံ့အားသင့်နေခဲ့သည်။


ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now