အပိုင်း ၃၄(Uni)(Zawgyi)

1.2K 113 6
                                    

Uni

ဒါကို မင်းလုပ်ခဲ့တာလား ?

"အင်း ?! အဟွတ် အဟွတ်   အမ်.. ငါအရင်ကပြောဖူးတာလား ?  ဘယ်လိုဖြစ်လို့ မမှတ်မိတာလဲ  မင်း မှားပြီးမှတ်မိနေတာနေမှာပါ  !?"

ရှောင်မုဇီရဲ့ အမေးကိုကြားတော့ လဲ့ယောင်းယောင်းက ရုန်းထွက်ရန်ကြိုးစားရင်း ပေါ့ပေါ့ပါးပါးသာ ရယ်မောနိုင်ခဲ့သည်။

နောက်ဆုံးတော့ သူမက အရင်က ဒီခန္ဓာကိုယ်ကို စစ်ဆေးခဲ့ပါတယ်။

ရှောင်မုဇီ သူမကို အရင်က ပြောခဲ့တဲ့စကားတွေကို အခြေခံရရင် ဒီခန္ဓာကိုယ်ပိုင်ရှင်က အလွန်ဆင်းရဲတဲ့ နောက်ခံရှိတဲ့ မိဘမဲ့ကလေးတစ်ဦးပါ။

ဒါပေမယ့် ဒီခန္ဓာကိုယ်ပိုင်ရှင်မှာ နူးညံ့သိမ်မွေ့တဲ့ အသားအရေရှိကြောင်း သူမတွေ့ရှိခဲ့ပါတယ်။  ထို့အပြင် သူမလက်တွေက ဖြူစင်ပြီး ချောမွေ့နေပါသည်။  တစ်ချက်ကြည့်လိုက်တော့ ပိုင်ရှင်က သူ့တစ်သက်လုံး နှိမ့်ချခံခဲ့ရတယ်ဆိုတာ ထင်ရှားတယ်။  မဟုတ်ရင် သူမမှာ ဒီလောက်ကောင်းတဲ့ လက်တွေ ရှိမှာ မဟုတ်ဘူး။

ဒါကြောင့် လဲ့ယောင်းယောင်းက ရှောင်မုဇီ ပြောတာကို အလွန်သံသယဖြစ်မိသည်။

နောက်တော့ ပိုင်ရှင်အစစ်က ဘယ်သူလဲ ဆိုတာ သူမ သိလိုက်ပြန်တယ်။

ဒါပေမယ့် အခုအချိန်မှာ ဒါကို စဉ်းစားရမယ့်အချိန်မဟုတ်သေးဘူး။  သူမ လက်ရှိတာဝန်က ဇီဇာကြောင်တဲ့မင်းသားကို ကျေနပ်စေမည့် ဟင်းအမျိုးအစားကို ရှာဖွေရန်ဖြစ်သည်။

ရိုးရိုးသားသားပြောရရင် သူမအရင်ဘဝက ဟင်းချက်တာကလွဲလို့ ဘာအလုပ်မှ မလုပ်ဖူးဘူး။

ဘာကြောင့်လဲဆိုတော့ သူမက အစားအသောက် နှစ်သက်တဲ့သူလေ !  ဟင်းချက်ခြင်း ကျွမ်းကျင်မှု မရှိဘူးဆိုရင် ဒါက လက်ခံနိုင်စရာ မရှိပါဘူး။

အထူးသဖြင့် ချဉ်ချဉ်စပ်စပ် အစားအစာများ စားရတာကို နှစ်သက်သည်။  ဒါကြောင့် အိမ်ပြန်ရောက်တိုင်း သူမ အကြိုက်ဆုံးက ဟင်းချက်တာပဲ

ဒါကြောင့် ယခုအချိန်တွင် ဟင်းအနည်းငယ်ပြင်ဆင်ခြင်းက သူမအတွက် အလွန်လွယ်ကူသောအလုပ်ဖြစ်သည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now