အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ

Start from the beginning
                                    

"ငါလည်း ဒီတစ်ခါတော့ ထိသမျှရွှေဖြစ်ပြီထင်တာ... ငါတို့ဦးလေးက တက္ကသိုလ်‌မှာကတည်းက မိတ်ဆွေအပေါင်းအသင်း များတယ်ကွာ၊ သူ့သူငယ်ချင်းတွေထဲ ကလောမှာနေတဲ့ တစ်ယောက်က သူတည်းတဲ့အိမ်လာလည်တော့ ငါတို့ကလည်း မပြန်ရသေးဘူး... အဲ့အန်ကယ်နဲ့အတူ သူ့သမီးလေးနှစ်ယောက်ပါ ပါလာတယ်၊ ငါတို့လိုပဲ အမြွှာတွေ... ရှမ်းတရုတ်မလေးတွေ ချောတာကတော့ ပန်းပုထုထားသလိုပဲ... သူတို့က ခွေးချစ်တယ်၊ လက်ထဲမှာလည်း ရှမ်းခွေးလေးတွေ ကိုယ်စီပိုက်လာကြတာ၊ လူကြီးတွေ ရှေးဟောင်းနှောင်းဖြစ် စားမြုံ့ပြန်နေကြတုန်း သူတို့က ခွေးလေးတွေနဲ့ ခြံထဲထွက်ကစားနေကြတာနဲ့ ငါတို့လည်း အခြေအနေကြည့်ချဉ်းကပ်ရင်း ခွေးနာမည်လေးတွေမေးပြီး လူနာမည်လေးတွေ ဆက်မေးကြည့်တာပေါ့၊ ခွေးချစ်သူတွေနဲ့များ ချစ်သူဖြစ်ဖို့ကြိုးစားရသည်ရှိသော်ဆိုပြီး လိုရမယ်ရ လေ့လာထားတာနဲ့ ခွေးအကြောင်းနည်းနည်းသိတော့ impression တွေ ဘာတွေရပြီး စကားကလည်း အတော်ကောင်းနေပြီ၊ အနာဂတ်မှာ ချစ်စရာချစ်သူလေးနဲ့ ချစ်စရာခွေးကလေးတွေ မွေးချင်ကြောင်းဘာညာ‌ပေါ့... ဖြစ်ချင်တော့ ဟိုဘက်အိမ်က ခွေးဘီးလူးက ခွေးကလေးဟောင်သံကြားလို့ သူ့နယ်မြေဖြစ်ကြောင်း တဂဲဂဲနဲ့ လှမ်းချဲရော... အဲ့သမှာ ခွေးလေးတွေက ကြောက်ပြီး လမ်းပေါ်ထွက်ပြေးကြရော၊ ကောင်မလေးတွေက အစ်ကိုတို့ရယ် ကလေးတွေကိုကယ်ပါဦးလုပ်တော့ ငါတို့လည်း အခွင့်အရေးပဲဆိုပြီး လိုက်ဖမ်းပေးတာပေါ့... ဖမ်းလို့တော့ ရခဲ့ပါတယ်၊ ခလုတ်အတိုက်ခံ အပြဲအကွဲခံပြီး လမ်းထိပ်ချောင်းထဲမကျခင် ဖမ်းဆွဲပေးထားတာကိုမှအားမနာ ခွေးမသားလေးတွေက ခွေးလိုကိုက်ပြီးမှ လိုက်လာကြတာ မြင်တဲ့အတိုင်းပဲ..."

နှစ်ယောက်သား ခြေထောက်နဲ့ လက်က ဒဏ်ရာအမာရွတ်တွေကို ဒုတိယအကြိမ် လှန်ပြလိုက်ကြပြန်တယ်။

"အဲ့တော့..."

"သူတို့ pet လေးတွေကို ကိုယ်ကျိုးမငဲ့ ကာကွယ်ပေးလိုက်တာမို့ ဟီးရိုးအဖြစ်မြင်ခံရပြီလို့ တွက်ထားတာပဲကိုကွာ... ငါတို့လှမ်းဖမ်းတာ အားများသွားလို့ သူတို့ခွေးလေးတွေထဲက တစ်ကောင်က လက်ကျိုးသွားပြီး တစ်ကောင်က စိတ်ဒဏ်ရာရသွားသတဲ့... ငါတို့ကိုယ်တိုင်လည်း သူတို့အချစ်တော်လေးတွေပေးထားတဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံမြန်းရဦးမှာမို့ ကောင်မလေးတွေက ဘာမှတော့ အပြစ်မတင်ပါဘူး၊ ဒါပေမယ့် သူတို့အကြည့်တွေနဲ့ အမူအရာကို ဘာသာပြန်ရရင်... 'ခွေးကိုကိုင်တွယ်ပုံက ကျွန်မတို့အမှတ်ပေးဇယားရဲ့ အခြေခံအချက်ပဲ၊ အစ်ကိုတို့က စာတွေ့ပဲရတယ်၊ လက်တွေ့မှာ ခွေးကျကျတယ်' ဆိုတဲ့ သဘောမျိုးလို့ ပြောရမလား... ပြန်ခါနီးလေး ပြိုင်တူမှာသွားတာက 'ခွေးချစ်တတ်တာ ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် အစ်ကိုတို့ ခွေးမမွေးကြပါနဲ့နော်၊ ခွေးကလေးတွေ ကောင်းဖို့ပြောတာပါ' တဲ့... "

Heartless December❄️ ZG version Where stories live. Discover now