အပိုင်း ၄ : ရင်ဘတ်နာတာ မေတ္တာဆိုပဲ၊ ဘယ်လို logic ကြီးလဲ၊ မှန်လိုက်တာ

25 2 0
                                    

❄️❄️❄️

မနက်ခင်းဟာ မြူနဲ့နေရဲ့ တိုက်ပွဲတစ်ခုကြား မှုန်ဝါးဖျော့တော့လို့။ အခုလို ညတာရှည်တဲ့ကာလမျိုးမယ် မနက် ၇ နာရီမှာ ပွင့်လာတဲ့ မျက်လုံးတိုင်းက လန်းဆန်းတက်ကြွနေကြမှာပဲ။ ကျွန်တော့်မျက်လုံးတော့မပါဘူး။

မပါဆို ညက တစ်ရေးမှမှ မအိပ်လိုက်ရဘဲ။ တစ်ညတည်းနဲ့ တစ်သက်နဲ့တစ်ကိုယ် မကြုံဖူးတာတွေကြုံလိုက်ရတာ။ လူမှားပြီး ရန်အတွေ့ခံရတာနဲ့၊ ဆံပင်ဆွဲခံရတာနဲ့၊ ချစ်တယ်အပြောခံရတာ၊ နားထဲလေမှုတ်သွင်းခံရတာ၊ ပထမဆုံးအနမ်းကို ပထမဆုံးဝိုင်အရသာနဲ့ တွဲခံစားလိုက်ရတာ။ ဒါတွေအားလုံးက ဝုန်းခနဲပြီးသွားတဲ့ စွန့်စားခန်းလိုပဲ။ ဘာတွေကြုံတွေ့လိုက်ရတာလဲ ပြန်စဉ်းစားနေရင်း မိုးလင်းသွားတာမျိုး။

ဇာတ်ကားသာဆိုရင် 'ဪ... ဒီလို plot ပဲ' လို့တွေးပြီး ပြီးသွားမှာဆိုပေမယ့် ဒါကြီးက လက်တွေ့ကြီးဖြစ်နေတယ်။ မျက်နှာကိုလည်း ဆွဲဆိတ်ရုံမက ဖြတ်ရိုက်ခဲ့ပြီးပြီ။ အိပ်မက်ဟုတ်မနေဘူး။

ကျွန်တော်ကုတင်ပေါ်ကဆွဲချလို့ ခုဏကမှ ထလာတဲ့အစ်ကိုက တံခါးပွင့်နေတဲ့ရေချိုးခန်းရဲ့ မှန်ရှေ့မှာရပ်နေတဲ့ ကျွန်တော့်နောက်ကနေဖြတ်ပြီး toilet ဘက်ကို သွားရင်း လှမ်းပြောတယ်။

"မှန်ရှေ့ နှုတ်ခမ်းကိုင်ပြီး ဘာလုပ်နေတာလဲ... နှုတ်ခမ်းကွဲလို့ lip balm တောင်းမလို့ဆိုရင်တော့ မရှိဘူး"

အဲ့ဒီမနေ့ညကအထိအတွေ့ကို Lip balm လို့တွေးလို့ရရင်လည်း အကောင်းသား။ Wine flavored lip balm... Brand name က Soft Kiss from the guy next door...။ အား... ပြန်သတိရလာပြန်ပြီ။ ကျေးဇူးပြုပြီး ဒီလူငယ်လေးရဲ့ ဦးနှောက်ကို detox လုပ်ပစ်ပေးပါတော့ တန်ခိုးရှင်များရယ်။

မနက်စာစားပြီးတဲ့နောက် စားပွဲပေါ်မှာခွေနေတဲ့ မြွေနီကောင်ကို ကောက်ယူကြည့်လိုက်တယ်။

"ပထမဆုံး သူ့ရည်းစားပေးထားတဲ့မာဖလာ ငါ့ကိုပေးတယ်၊ နောက်... မူးနေရင်း သူ့ရည်းစားလို့မှားမြင်ပြီး ရန်တွေ့ခံရတယ်၊ သူရည်းစားအောက်မေ့ပြီး ချစ်တယ်ပြောတယ်၊ ပြီးတော့ ဟိုအနမ်းရော... မဟုတ်မှလွဲ ငါ့ရုပ်က သူ့ရည်းစားနဲ့ဆင်နေတယ်လို့တော့ မပြောပါနဲ့..."

Heartless December❄️ ZG version Where stories live. Discover now