အပိုင်း ၂၀ : အအေးမိသူအထူးခံစားခွင့်

15 2 0
                                    

❄️❄️❄️

ညနောက်ကျတဲ့အထိစာလုပ်တာက ကျွန်တော်နဲ့မဆိုင်တဲ့ကိစ္စမျိုး။ သူများတွေလို တစ်ချက်တီးနှစ်ချက်တီးထိ မိုးအလင်းပေါက် စာအုပ်နဲ့မျက်နှာအပ်ဖို့ဆိုတာ ကျွန်တော်လက်လျှော့ထားတဲ့အပိုင်း။

ပြီးခဲ့တဲ့ကျောင်းပိတ်ရက်ကတော့ ကိုယ့်မူဝါဒကိုယ်ဆန့်ကျင်ပြီး ကိုကို့ကိုရွဲ့ချင်စိတ်နဲ့ နေ့မအားညမနား မအိပ်မနေစာလုပ်လိုက်တာ ကျောင်းလည်းဖွင့်ရော လမ်းလျှောက်ရင်း တွေ့ကရာကိုဝင်တိုက်တဲ့အထိ သောက်ကျိုးနည်းတွေ ငိုက်ပါလေရောဗျာ။ ခေါင်းလည်း သင်္ချာပုံနှိပ်နဲ့ မိတ်ဆက်တဲ့အကြိမ်ရေအတော်များသွားခဲ့တာ အာလူးခင်းမဖြစ်ရုံတမယ်ပါပဲ။

အဲ့ဒါကြောင့် နောက်ဘယ်တော့မှ hyper ယောင်မဆောင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။

'ကိုယ့် Flow နဲ့ကိုယ်' ဆိုတဲ့ ကြွက်အစ်ကိုရဲ့ဆောင်ပုဒ်ကိုတောင် နားလည်လာသလိုလို...။

အခုတော့ စာမေးပွဲနားနီး အထူးစီမံချက်တစ်ခုလုပ်ထားပြီ။
ည၁၁နာရီထိုးတာနဲ့ စာကြည့်စားပွဲကိုလက်ပြပြီး အိပ်ရာထဲ တန်းရောက်တယ်။ ပြီးတာနဲ့ မနက်အစောထစာကျက်ဖို့ ကိုယ့်ကိုယ်ကို မိုတီဗေးရှင်းပေးတဲ့အနေနဲ့ ကျွန်တော်ကိုကို့ကိုကျက်တယ်။

'ကိုကို့ကိုကျက်တယ်' ဆိုတဲ့စကားကို ရှင်းပြရရင်တော့ ...
အိပ်မက်ထဲမှာဖြစ်ဖြစ် အဲ့ဒီရေခဲလူသားကြီးရဲ့ရင်ဘတ်ထဲ မျက်နှာအပ်ပြီးကပ်ချွဲနိုင်ဖို့ ကိုကို့မျက်နှာ၊ ကိုကို့ပုံစံကို ခေါင်းထဲအလွတ်ရအောင် လုပ်တာကိုပြောတာပါ။

ကိုကိုမသိအောင် ခိုးပြီးရောပေါ်တင်ပါ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ဖင်ပြန်ခေါင်းပြန်ကြည့်၊ ရှုထောင့်ကောင်းကောင်း၊ ကြည်ကြည်လင်လင်လေးတွေဆို wallpaper တင်၊ အမှိုက်ပုံးထဲကကောက်လာတဲ့ ဟိုဓာတ်ပုံဟောင်းလေးတွေထဲက ကျက်သတုံး Ex ကြီးရဲ့ မျက်ခွက်ကိုလက်နဲ့ဖုံးပြီး ကိုကို့မျက်နှာလေးကိုပဲကွက်ကြည့်။

ဒီမျက်နှာလေးကြောင့် gay ခဲ့ရတာကိုတော့
ကျွန်တော်ဘယ်တော့မှ နောင်တရမယ်မထင်။
'နတ်တို့ဖန်ဆင်းထားသလို' ဆိုတာထက် ပိုကောင်းတဲ့ စကားလုံးရှိရင် ကျွန်တော်ချစ်တဲ့သူရဲ့ အဆင်းလှခြင်းအကြောင်းကို အကောင်းစား ကြွားလုံးထုတ်ချင်သေးရဲ့။

Heartless December❄️ ZG version Wo Geschichten leben. Entdecke jetzt