❄️❄️❄️
လေအေးကလေးတွေက တစ်သုတ်ပြီးတစ်သုတ် ကျွန်တော့်အနားက ဖြတ်သွားကြတယ်။ ကျွန်တော်မအေးနိုင်ပါဘူး။ စိတ်ထဲမှာရော နှလုံးသားထဲမှာရော လူတစ်ယောက်ကြောင့်
ပူလောင်လို့...။ကျွန်တော်ဖုန်းကို အခါ ၂၀မြောက်ခေါ်လိုက်ရင်း
မျက်စိထဲမှာတော့ ဟိုအရင်ရက်တုန်းက ကိုကို့ရဲ့အားနည်းဖြူဖျော့နေတဲ့မျက်နှာလေးနဲ့ နှုတ်ခမ်းနဲ့လည်ပင်းပေါ်က ဒဏ်ရာတွေကို မြင်ယောင်လို့...။
အဲ့နောက်ရက်တွေ၊ ကျွန်တော်ကိုစာသင်ပေးနေတဲ့ရက်တွေ
တစ်လျှောက်လုံး လည်ပင်းအလုံဆွယ်တာလေးတွေပဲ
ဆက်တိုက်ဝတ်ထားလို့ ပျောက်ပြီလားတောင် မသိရသေးတာ။ကျေးဇူးပြုပြီး ကိုကိုတစ်ခုခုဖြစ်မနေပါစေနဲ့။
တစ်ချက်ချင်းတုန်ခါနေတဲ့ ဖုန်းကိုကိုင်ထားရင်း ဆုတောင်းပြီးရင်း ထပ်ဆုတောင်းနေတုန်းမှာ ဖုန်းဝင်သွားတဲ့အသံကို ကြားလိုက်ရတယ်။"ကိုကို... ကိုကိုဘယ်မှာလဲ... ကျွန်တော် တစ်ညနေလုံးလိုက်ရှာနေတာ... ဟိုလူ ကိုကို့ကို ဘယ်ခေါ်သွားတာလဲ..."
"မင်းကဘယ်သူလဲ "
တစ်ဖက်ကပြန်ဖြေလာတာက ကိုကိုမဟုတ်တဲ့
တစ်ခြားတစ်ယောက်အသံ...။"ခင်ဗျားက အာကာဝေယံလား..."
"ငါ့နာမည်ကို ဘယ်လိုလုပ်သိတာလဲ..."
"ကိုအာကာဝေယံ... ခင်ဗျား ကိုကို့ကို ဘယ်ခေါ်သွားတာလဲ..."
"ကိုကိုဆိုတာ ခွန်းကိုပြောနေတာလား... ဟက်...
မင်းကဘာလဲ...""ခင်ဗျားဘယ်မှာလဲ... မေးနေတာအရင်ဖြေ..."
ရုတ်တရက် ဖုန်းကိုဆွဲယူသံကြားလိုက်ရပြီး
ဆက်ကြားရတဲ့အသံက... ။"ခန့်ငယ်... ကိုယ့်ကိုစိတ်မပူနဲ့..
ဘာမှမဖြစ်ဘူး... "ခါတိုင်းထက် ညင်သာချိုမြတဲ့လေသံလေးနဲ့ မကြားဖူးတဲ့အသုံးအနှုန်းတွေကိုသုံးပြီးဖြေလိုက်တဲ့ ကျွန်တော်ချစ်ရပါသော မဝဲတဝဲ မတိုးမကျယ် အသံပိုင်ရှင်လေး။
"ကိုကို ဘယ်လိုခေါ်လိုက်တာ...
အဲ... နေပါအုံး... ကိုကိုဘာလို့ အဲ့လူနဲ့ရှိနေတာလဲ...
အခုဘယ်မှာလဲ..."
CITEȘTI
Heartless December❄️ ZG version
DragosteHD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အလွဲများနဲ့တစ်နှစ်တာကို ဆောင...