❄️❄️❄️
ဆောင်းမနက်ခင်းရဲ့ မနွေးတနွေးနေရောင်လေးကြောင့်
မျက်ရည်ကြည်လဲ့လဲ့တွေက စိန်အလင်းပြန်သလို လက်ခနဲ...။"ကျေးဇူး..."
ကျွန်တော်ကသာ အခန်းဝမှာ ကျောက်ဆစ်ရုပ်ဖြစ်နေမိတာ
အခန်းပိုင်ရှင် ဆွယ်တာအဖြူလေးကတော့ သော့ကိုဆွဲနုတ်ပြီး အဲ့သလိုခပ်တိုးတိုးပြောလို့ တံခါးပြန်ပိတ်သွားရဲ့။နေပါအုံး...။ အခုက ဘာဖြစ်သွားတာလဲ။
တံခါးမှာ သော့တန်းလန်းကျန်နေတာ သတိပေးဖို့ တံခါးနာနာရိုက်ပြီး သူ့နာမည်ကိုခေါ်လိုက်တာ တံခါးဝကနေ လူလည်းပေါ်လာရော ငိုနေတာကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရတယ်ဆိုတော့...။
လွန်ခဲ့တဲ့ ၅မိနစ်အတောအတွင်း အကောင်းကြီးကနေ မျက်ရည်ကျစေလောက်တဲ့ ကိစ္စမျိုးတော့ ကျွန်တော်မလုပ်မိတာ သေချာပါတယ်။ သူ့မာဖလာကို ကျွန်တော့်လက်ထဲထည့်ပေးပြီးမှ နှမြောသွားလို့များလား...။ ကျွန်တော် သူ့နာမည်ကိုခေါ်တဲ့ပုံစံကပဲ လေယူလေသိမ်းလွဲသွားလို့လား...။ မဟုတ်မလွဲ... မနက်က ကျွန်တော့်စက်ဘီးနဲ့ဝင်တိုက်မိတုန်းက ဒဏ်က အခုမှ ပြန်နာလာလို့များလား။ နေပါအုံး ဘယ်အမှုခေါင်းစဉ်ကို စအဖြေရှာရမှာလဲ။
* *
"အာ... မင်း မပြန်သေးဘူးလားဟ... ဝင်လိုက်ထွက်လိုက်နဲ့..."
တံခါးဖွင့်သံနဲ့အတူ မှင်တက်နေတဲ့မျက်နှာထားနဲ့ အခန်းဝမှာ
သုံးခါမြောက်ထပ်ပေါ်လာတဲ့ကျွန်တော့်ကိုအမြင် ရေချိုးပြီးစအပေါ်ပိုင်းဗလာနဲ့ ဘောင်းဘီဇစ်ဆွဲလို့မပြီးသေးတဲ့ အစ်ကိုတော်ဘုရားက လှမ်းဟောက်တော့တာပဲ။ သူဟာသူ တံခါးလော့ချမထားဘဲနဲ့။"ငိုနေတယ်..."
"ထောင့်ခန်းက ကလေးနှစ်ကောင်လား..."
"မဟုတ်ဘူး... ဟိုဘက်ခန်းက အစ်ကို..."
"အယ်လ်ခွန်းလား..."
မေးရင်းစမ်းရင်းနဲ့ ထသွားတဲ့ ကြွက်သိုက်မင်းသားဟာ ကျွန်တော်အထဲဝင်လာမှ အိပ်ခန်းထဲကနေ အင်္ကျီတစ်ထည်ယူထွက်လာပြီး ဘေးမှာလာထိုင်တယ်။
ESTÁS LEYENDO
Heartless December❄️ ZG version
RomanceHD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အလွဲများနဲ့တစ်နှစ်တာကို ဆောင...