အပိုင်း ၇၂ : ခွေးကလေးကိုလက်ပေးသင်သူ

10 2 0
                                    

❄️❄️❄️

"ကိုကို ဘာရှာနေတာလဲ..."

"..."

"စားပွဲပေါ်က လက်သည်းညှပ်လေးဆိုရင်တော့ မရှာနဲ့တော့... ကျွန်တော့်ဆီမှာ... ကျွန်တော်အခုပဲ ကိုကို့ကို လက်သည်းညှပ်ပေးဖို့ ခံစရာအ၀တ်ကလေး သွားယူနေတာ"

"..."

"လက်ကာပြမနေပါနဲ့... ကိုကိုလက်တစ်ဖက်တည်းနဲ့ ဘယ်လိုညှပ်နိုင်မှာလဲ... ညာဘက်လက်က အသိုင်းဖြည်ပြီးပေမယ့် ကောင်းကောင်းလှုပ်မရဘဲ နာနေသေးတယ်မလား၊ မနေ့ညကလည်း အိပ်နေရင်း ညည်းနေတာ..."

"..."

"ကဲပါ... အားနာရမယ့်သူလည်း မဟုတ်ဘဲနဲ့...
ကိုကို မေ့နေပြီလား၊ ကျွန်တော် အမြဲတမ်း အနားမှာရှိနေတယ် ဆိုတာ ကိုကို့အတွက် အသုံးဝင်ချင်လို့လေ..."

"..."

"ကျွန်တော်က လက်သည်းညပ်တာလည်း အရမ်းသပ်ရပ်တာနော်... နောက်ထပ် အလုပ်အပ်ချင်စိတ်ပေါက်လာအောင် သေချာလေး ညပ်ပေးမှာမို့ စိတ်ချထားလိုက်..."

"..."

ကိုကိုစကားမပြောနိုင်သေးတာက ကျွန်တော့်အတွက်တော့  ကာယကံရှင်ထက်တောင်မှ ပိုခက်ခဲနေသလိုလို။ ကိုကိုက သူဘာလိုအပ်လဲဆိုတာကို ထုတ်ပြောလေ့ရှိတဲ့သူမျိုး မဟုတ်တဲ့အပြင်၊ တစ်ခါတလေ သူဘာဖြစ်နေမှန်းတောင် သူ့ကိုယ်သူ ဂရုမစိုက်မိတတ်တော့ ဒီလိုအချိန်မှာ ပိုပြီး မျက်ခြေမပြတ်ကြည့်နေဖို့ လိုအပ်တယ်။ ကိုယ့်အားကိုယ်ကိုး ပုဆိန်ရိုးသမားတွေက အဲ့ဒါတွေခက်တာပဲ။ မလုပ်နိုင်တဲ့အခါ အကူအညီတောင်းလိုက်လို့ ဘယ်သူကမှ အားနည်းတယ်ဆိုပြီး အပြစ်မဆိုပါဘူး။ အကူအညီပေးနိုင်တဲ့သူက ဘေးနားမှာ ရှိနေတယ်လေ။ ကိုယ် တစ်ယောက်တည်းမှ မဟုတ်တာပဲ။

ဒါပေမယ့် ဘယ်လိုပြောပြော တစ်စုံတစ်ယောက်ကတော့
Note စာအုပ်နဲ့ ဖောင်တိန်အသင့် ဘေးချပေးထားရင်တောင် စာနဲ့ရေးပြီးလည်း သိပ်ပြောချင်တာမဟုတ်။ ကျွန်တော့်ကို လက်တို့ပြီးလည်း အရာရာမခိုင်းချင်။ ကျွန်တော်က သူဘာလိုလဲ တတွတ်တွတ် မေးနေပြန်ရင်လည်း မျက်မှောင်‌တွေကျုံ့လာပြီး မနေတတ်။ ကျွန်တော့်ရဲ့ တစ်မိုးအောက်တစ်ယောက် မာနခဲဆရာသမားလေးပဲ။ သူ့ကို လူနာတစ်ယောက်လို ဆက်ဆံတာကို ဘယ်ကြိုက်မလဲ။

Heartless December❄️ ZG version Where stories live. Discover now