အပိုင်း ၈၉ : ယုံကြည်ချက်လွန်ကဲတာက ကောင်းတဲ့အကျင့်ပါ

13 3 0
                                    

❄️❄️❄️

"ငါအပြင်သွားချင်တယ်"

ကြားကြားချင်း ကျွန်တော် ကိုကို့ရှေ့က ပိတ်ရပ်ပြီး ဖြောင်းဖြဖို့လုပ်လိုက်တယ်။

"ဘာလို့သွားမှာလဲ ကိုကိုရယ်...
ညနေကျရင်ပဲ ဆေးရုံဆင်း‌ရတော့မှာကို"

"ငါအပြင်ထွက်မယ်ဆိုတိုင်း ဘာလို့ကာဆီးကာဆီးလုပ်နေတာလဲ...
အံထူးမြတ်... မင်းညီထူးဆန်းနေတယ်လို့ မထင်ဘူးလား"

ခေါက်ဆွဲပြုတ်ဘူးထဲ ရေနွေးလောင်းထည့်ပြီး အရသာမှုန့်တွေ ဖောက်ထည့်နေတဲ့အစ်ကိုက သူ့နာမည်‌ကြားလို့ ခေါင်းထောင်ကြည့်တယ်။ ဒီနေ့တော့ ကြွက်သိုက်ထဲနေတဲ့သူနဲ့မတူဘဲ လူပုံကသန့်သန့်ပြန့်ပြန့်နဲ့။ သူ့အသိတစ်ယောက်ရဲ့ မင်္ဂလာ‌ဆောင်မှာသီချင်းဆိုပေးဖို့ အခေါ်ခံရတာကြောင့် မနက်အစောကတည်းက ကျားသားမိုးကြိုး ရှိုးစမိုးနဲ့ဖြစ်နေတာ။ အခုမှတကယ် မင်းသားရုပ်ပေါက်လာတဲ့ အဲ့ဒီတစ်ပင်တိုင်ကြွက်မင်းသားကို ကျွန်တော်မျက်စပစ်ပြီး အကူအညီတောင်းလိုက်တော့ ပါးစပ်မှာကိုက်ထားတဲ့ တူနှစ်ချောင်းကိုဖယ်လိုက်ရင်း သူကိုကို့ကို ဝင်နားချလာပုံက...။

"ဘာလုပ်မှာလဲကွာ... အပြင်ထွက်လည်း ဆေးရုံမှာက ကျိုး‌နေတဲ့သူနဲ့ နာနေတဲ့လူတွေပဲရှိတာ... ခွန်းအယ်လ်လေးက လိမ္မာပါတယ်၊ အခန်းထဲမှာ အေးဆေးထိုင်နေနော်..."

"ဘာရယ်! အစ်ကိုအခု ကိုကို့ကို ဘယ်လိုခေါ်ပြီး ဘယ်လိုလေသံနဲ့ပြောလိုက်တာလဲ..."

"ဘာတွေထအော်နေတာလဲ... situational role play joke လေ... dominant character လေသံ..."

[A/N*situational role play joke - လက်ရှိဖြစ်ပျက်နေသော အနေအထားအပေါ်လိုက်ပြီး သင့်တော်သလိုသရုပ်ဆောင်တုံ့ပြန်၍ role play ခြင်း၊ ထိုသို့သော role play ကို မပြောမဆိုထလုပ်ကာ စနောက်တတ်ကြ၍ role play joke ဟူ၍ဖြစ်လာသည်။ ]

"မလုပ်နဲ့... ကျွန်တော်မကြိုက်ဘူး..."

"အေးပါကွာ... streamer လုပ်ခဲ့တုန်းက အကျင့်လေးပြန်ပေါ်လာလို့ပါ... ငါက ခေါက်ဆွဲပြုတ်ကိုပဲ စိတ်ဝင်စားတာ"

ကျွန်တော်နဲ့ အဲ့တစ်ယောက် ကဘောက်တိကဘောက်ချာဖြစ်နေတုန်း ကျွန်တော့်လက်မောင်းကို ကိုင်ပြီးပြောလာတဲ့ ကိုကို့စကားက ကြားဖြတ်ဝင်လာတယ်။

Heartless December❄️ ZG version Where stories live. Discover now