❄️❄️❄️
ကျွန်တော့်မှာ တစ်ယောက်တည်းကြိတ်ငိုရတာကို ကျင့်သားရနေတဲ့ ချစ်ရသူတစ်ယောက်ရှိတယ်။ စကားချပ်ထည့်ပြောမယ်ဆို...
'သူပုံမှန်စိတ်မဟုတ်တဲ့အချိန်ကလွဲရင်' ပေါ့။သူတစ်ယောက်တည်းနေတဲ့တိုက်ခန်းလေးရဲ့ အခန်းတံခါးနောက်ကွယ်ကိုမရောက်ခင်ထိ မျက်ဝန်းအိမ်ထဲက အရည်ကြည်ဂလင်းတွေကို ထွက်မကျအောင် ထိန်းချုပ်ထားပြီး လူတွေရဲ့မျက်ကွယ်ရာရောက်မှ ဝမ်းနည်းမှုတွေကို တိတ်တဆိတ်ဖွင့်ချတာမျိုး။
တစ်ခါတစ်လေကျတော့ သူငိုနေတာကို ဟာလာဟင်းလင်းဖြစ်နေတဲ့လေထုက ကွယ်ထားပေးမှာပဲလေ၊ ဒါမှမဟုတ် ဘေးပတ်ပတ်လည်က ကိုယ့်အာရုံနဲ့ကိုယ် သွားလာနေတဲ့လူတွေကြား သူ့မျက်ရည်စတွေ အလင်းပြန်တာကို သတိထားမိမယ့်သူ ရှိချင်မှရှိမှာပဲလေ လို့တွေးပြီး လူမြင်ကွင်းလမ်းမပေါ်မှာ လူမမြင်အောင် မျက်ရည်ကျနေတာမျိုး။
ကျွန်တော် ကိုကိုမျက်ရည်ကျတာကို မြင်ခဲ့ရတာ...
နှစ်လလောက်အတွင်းမှာပဲ ခုနှစ်ခါရှိပြီး ငါးခါက သူတစ်ယောက်တည်းငိုနေတုန်း အမှတ်မထင်တွေ့ရခြင်းတွေ...။'ကိုယ်ချစ်ရတဲ့သူ မျက်ရည်ကျတာကို မကြာမကြာမြင်ရတာ
ဘယ်လိုခံစားရလဲ' ဆိုတဲ့မေးခွန်း လူအယောက်တစ်ရာလောက်ကို လိုက်မေးကြည့်လိုက်...။ သူတို့ထဲမှာ S စစ်စစ်တစ်ယောက် ရှိမနေသရွေ့ 'ရင်နာတာပေါ့' ဆိုတဲ့ တစ်ထပ်တည်းကျတဲ့အဖြေတစ်ရာ ထွက်လာမှာပဲ။[A/N *S - short term for 'sadist' : ရက်စက်တတ်သူ၊ (ချစ်ရသော)တစ်ဖက်လူ နာကျင်ခံစားရခြင်းအပေါ် သဘောကျနှစ်ခြိုက်သည့်ညဉ်ရှိပြီး စိတ်အလိုအရတစ်မူ နှိပ်စက်ကလူပြုတတ်သူ။ ]
ကျွန်တော်ချစ်တဲ့သူဟာ သူချစ်ခဲ့တဲ့လူတစ်ယောက်ကြောင့်
အမြဲတမ်း မျက်ရည်ကျရတယ်။ အဲ့ဒီပုံစံကို အမြဲတမ်း ဘေးကပဲကြည့်နေနိုင်တဲ့ ကျွန်တော်ကတော့ အလိုလိုနေရင်း နှလုံးသားတွေနာရတယ်။တစ်ယောက်ယောက် ကျွန်တော့်ကိုပြောပြလို့ရလား။
ကလေးတွေငိုရင် မုန့်ကျွေးပြီးချော့လို့ရပေမယ့် လူကြီးတွေငိုရင် ဘာပေးပြီးချော့သင့်လဲ...။
CZYTASZ
Heartless December❄️ ZG version
RomansHD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အလွဲများနဲ့တစ်နှစ်တာကို ဆောင...