❄️❄️❄️
"တီတီ... တီ!!"
"ကျွီ... !!!!!"
အသံတွေရော... အလင်းတွေရော... အေးစက်တဲ့လေထုဖိအားရော...
အရာအားလုံးဟာ အမှောင်ထုတစ်ခုထဲမှာ စိမ့်ဝင်ပျောက်ကွယ်သွားကြတယ်။ကားဘရိတ်ဆွဲသံရှည်ကြီးထွက်မလာခင်မှာပဲ ကျွန်တော်ဟာ လျင်မြန်တဲ့အဟုန်တစ်ခုရဲ့ ဆွဲသုတ်ယူခြင်းခံလိုက်ရသလို
လမ်းဘေးတစ်နေရာကို ပြုတ်ကျသွားခဲ့တဲ့နောက်...
လမ်းတစ်ဖက်ကို လိမ့်သွားတဲ့ခန္ဓာကိုယ်ဟာ ကိုင်ရိုက်လိုက်သလို ခံစားချက်ရရမယ့်အစား နွေးထွေးတဲ့ ပိုက်ပွေ့ထားခြင်းတစ်ခုမှာ ငြိမ်သက်နေခဲ့သလိုပဲ။အမှောင်ထုဟာ တာရှည်မကြာလိုက်ပါဘူး။
မျက်လွှာတွေကို အသာဖွင့်ကြည့်လိုက်ချိန် အလင်းရိပ်တွေ ပြေးလွှားဝေဝါးနေဆဲ အာရုံမှာ တစ်ဖြည်းဖြည်း ကြည်ကြည်လင်လင်ထင်ဟပ်လာတဲ့ ပုံရိပ်က...။"ကို... ကိုကို..."
မျက်စိဖွင့်ဖွင့်ချင်း အနီးကပ်ဆုံးအနေအထားမှာ မြင်လိုက်ရတဲ့မျက်နှာက ကျွန်တော့်ရဲ့ ပြန့်ကျဲနေတဲ့သတိတွေကို စုစည်းပေးလိုက်သယောင်...။
သတိဆွဲကပ်ရင်း အခြေအနေကို လေ့လာလိုက်တော့...
ကိုကို့ဘယ်လက်က ကျွန်တော့်ခန္ဓာကိုယ်တစ်ပိုင်းကို တင်းတင်းကျပ်ကျပ် သိမ်းကျုံးထွေးပိုက်ထားလို့၊ ကျွန်တော်ခေါင်းအုံးထားမိတာက ကိုကို့ညာလက်မောင်းပေါ်မှာ၊ ကျွန်တော့်မေးဖျားနဲ့ ထိလုထိခင်ဖြစ်နေတဲ့ ဆွယ်တာအဖြူရောင်လေးရဲ့အနွေးဓာတ်က အေးစက်နေတဲ့
ကျွန်တော့်ခန္ဓာကိုယ်ကို အပူချိန်ညှိပေးနေရင်း...။ ဒီလိုပုံစံနဲ့
ကျွန်တော်ဟာ ကိုကို့ရင်ခွင်ထဲမှာ အန္တရာယ်ကင်းနေခဲ့တယ်။ကျွန်တော် ကုန်းရုန်းထလိုက်ချိန် ခါးမှာချိတ်တွယ်နေခဲ့တဲ့ လက်ချောင်းတွေဟာ ပြုတ်ကျသွားကြလို့။ ကျွန်တော့်ဘေးမှာလှဲနေတဲ့ ကိုကို့ခန္ဓာကိုယ်ဟာ မလှုပ်မယှက်။
တစ်မီတာလောက်အကွာမှာတော့ လောလောလတ်လတ်ထင်သွားတဲ့
အက်ကြောင်းစင်းတွေကြားက ဖန်စမှုန်တွေကို လမ်းမပေါ်ခြွေချနေတဲ့ ကိုကို့မျက်မှန်ပါးလေး။
YOU ARE READING
Heartless December❄️ ZG version
RomanceHD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အလွဲများနဲ့တစ်နှစ်တာကို ဆောင...