Part.17

4.5K 667 27
                                    

အိပ်ယာနိုးနိုးချင်းထယ်ယောင်းကိုယ်လေးအနည်း
ငယ်လူးလွန့်လှုပ်ရှားမိလိုက်သည်။ရင်ဘတ်ပေါ်
ကလေးလံတဲ့ဖိအားတစ်ခုကြောင့်အသက်ရူသံက
ပင်ခပ်မျှင်းမျှင်း။မျက်လုံးတွေကိုပွတ်သပ်ရင်းသတိထားကြည့်တော့...မင်းသားငယ်ကသူ့ကိုယ်
လုံးပေါ်တက်အိပ်နေသည်ကိုး။ဒီကလေးအိပ်ရေး
ကြမ်းပုံကစစအိပ်ချင်းဘေးမှာ၊အခုကျတော့သူ့
ကိုယ်ပေါ်မှာစန့်စန့်ကြီး။ပြူတင်းပေါက်ကနေရောင်ခြည်သည်ကုတင်ထက်််ကိုဖြာကျနေပြီး
ရွှေရည်တွေကျဲပက်ထားသည့်အလား။အိမ်ရှေ့စံငယ်လေး၏နက်မှောင်သန်စွမ်းသောဆံပင်ရှည်
ကြီးတွေကြားနေပျောက်လေးတွေပင်တစ်ကွက်၊ဒီ
တစ်ကွက်။ရင်ဘတ်ပေါ်ဖိအိပ်ထားတဲ့ပါးလေးက
ခပ်အစ်အစ်။ကလေးငယ်၏မျက်ဝန်းတောက်တောက်တွေမှာပန်းရောင်ကန့်လန့်ကာနဲ့
တူသောမျက်ခွံတွေပိတ်ချနေပြီး၊အကြောအချင်
အားလုံးကတောင့်တင်းခြင်းမရှိပျော့ပျော့ပျောင်း
ပျောင်းလေး။အိမ်ရှေ့စံကနှစ်ခြိုက်စွာအိပ်မော
ကျနေတာပဲ။မနေ့ညကတည်းသူ့စံအိမ်အတွင်းအိမ်ရှေ့စံရောက်နေကြောင်းအရှင်မင်းကြီးအား
အကြောင်းကြားထား၍သိပ်တော့မပူပင်ရ။ထယ်
ယောင်းသည်မိမိကိုယ်ပေါ်တက်ကာဖိအိပ်နေသော
တပည့်ငယ်လေး၏ဆံပင်တွေကြားလက်ထိုးဖွကာ
ကျောပြင်သေးသေးလေးအားပွတ်ပေးနေလိုက်သည်။

ကျောပြင်တစ်လျှောက်ဖြတ်ပြေးနေသောနူးညံတဲ့
အထိအတွေ့ကြောင့်သတိကြီးလွန်းသောအိမ်ရှေ့စံ
ငယ်မှာနိုးလာရသည်။နောက်တစ်ချိန်ထီးနန်းစိုးစံမည့်ဘုရင်တစ်ပါးအတွက်အသိနဲ့သတိသည်အတူ
ယှဥ်တွဲ ဖြစ်ပေါ်ပြီးဘယ်တော့မှပေါ့လျှော့သည်ဟူ
၍မရှိ။အအိပ်မက်လွန်း၍လုပ်ကြံခံရသည့်ရှင်ဘုရင်များရှိကြောင်းသာဓကများစွာလည်းရှိဖူး
သည်။

ဂျောင်ကု၏ကျောပြင်ထက်ပွတ်သပ်နေသောလက်ဖဝါးနွေးနွေးသည်ကြင်နာခြင်းတွေအပြည့်။စိုစွတ်တောက်ပသောမျက်ဝန်းအိမ်ထဲဂရုဏာသက်မူ့များကိုမြင်တွေ့နိုင်ပြီးထိုလူ၏ကောင်းမွန်
ခြင်းအပြည့်မျက်နှာသည်မိုးတွင်း၌ပေါက်ရောက်
သောလီလီပန်းပွင့်ဖြူတွေလားရှင်းရှင်းသန့်သန့်။

Legend Of Male Empress(Completed) Tempat cerita menjadi hidup. Temukan sekarang