Part.19

4.6K 702 38
                                    

အရှင်ပါသောအတိတ်နေ့တွေကိုတစ်ကြောင်းပြန်
တွေးတောပြီးနောက်ပစ္စုပန်ရေအလျှင်ကြားသူက
အမိူက်ကဲ့သို့တစ်ဝဲလည်လည်။အရှင်သည်သူကြိုက်နှစ်သက်တဲ့ဂန္ဓာပန်းတွေစိုက်ရင်းမျှော်ခဲ့တယ်။မြို့လယ်ကဘုရားကျောင်းမှာလည်းသူ့အတွက်အသက်အန္တရာယ်ကင်းရှင်းအောင်အမြဲဆုတောင်းဝတ်ပြုခဲ့တယ်တဲ့။ဒါနဲ့များ....ဘာကြောင့်ဝူဟိုက်စစ်မျက်နှာပြင်က ဒီငယ်သားပို့လိုက်တဲ့စာများကိုမျက်ကွယ်ပြုရက်ပါသနည်း။အရှင့်ဆီသာ ထယ်ယောင်းအစီအရင်ခံစာမြန်မြန်ရောက်ခဲ့ရင်ဝူဟိုက်စစ်ပွဲ၏ရလဒ်သည်လည်တစ်မျိုးတစ်ဖုံပြောင်းလဲသွားပါလိမ့်မည်။

ဝူရွှယ်နန်းဆောင်အတွင်းအရာအားလုံးသည်အပ်
ကျသံမျှမကြားရလောက်အောင်တိတ်ဆိတ်လျှက်။ ငှက်ကလေးတွေရဲ့တီတီတာတာအသံတွေက
နန်းဆောင်အတွင်းရှိတစ်ယောက်သောသူ၏ငို
ရှိုက်ခြင်းကိုအပေါ်ယံဖုံးဖိလွှမ်းထားသလို။စစ်မြေပြင်ရဲ့သွေးသံရဲရဲမြင်ကွင်းတွေ၊သူ့အိုးစားဖော်အိုးစားဖက်ညီအစ်ကိုတွေရဲ့သေဆုံးခြင်းတွေ၊ချင်ဘုရင်ရှေ့ဒူးထောက်အညံခံလာအောင်နှိပ်စက်ခံရပုံတွေကိုပြန်တွေးလိုက်သည်နှင့်ထယ်ယောင်းတစ်ကိုယ်လုံးမီးမြိုက်လိုက်သလိုတစ်ငွေ့ငွေလောင်ကျွမ်းလာရတော့သည်။မျက်ရည်ပူတစ်စွန်းတစ်စကိုထိန်းသိမ်းနိုင်စွမ်းမရှိသောအခါငိုကြွေးခြင်းသာတတ်နိုင်ပါ၏။အပြင်းပြဆုံးအာသီသ ကဖြင့်သူ့ညီအစ်ကိုတွေအားလုံးအတွက်တရားမျှတမူ့ကိုပြန်ယူပေးရမည်ဖြစ်ပြီးကင်မ်ထယ်ယောင်းဆိုတဲ့သူကတော့ကံစီမံရာအတိုင်းပေါ့။

​ကိုယ်လုပ်တော်မကလို့ဘာကြီးပဲ ဖြစ်ဖြစ်
ဧကရာဇ်အရှင်ဂျွန်ဂျောင်ကုအလိုတိုင်းအရာအား
လုံးလိုက်လျှောလက်ခံပေးသွားမည်သာ။
ဒီအခွင့်အရေးကိုလက်လွှတ်လိုက်ရင်...တမလွန်က
ရဲဘော်ရဲဘက်များ၏ဝိဥာဏ်များကိုသူအားနာ
လွန်းပါဘိသနှယ်။

ထယ်ယောင်းကအိုစာနေပါပြီ။နောက်ပြီးအဆုတ်လည်းမကောင်း။ဒီလိုနာတာရှည်လူကိုဧကရာဇ််ငယ်ကကိုယ်လုပ်တော်အဖြင့်အပိုင်သိမ်းရင်လူသေအလောင်းကိုထွေးထားသည့်နှယ်ဖြစ်ပါလိမ့်မည်။

Legend Of Male Empress(Completed) Where stories live. Discover now